အစိုးရ ဝန်ထမ်းများ ဒီဇင်ဘာ (၇) ရက်တွင် အင်အားပြည့် ရုံးပြန်တက်ရမည် (Stay Home မြို့နယ်များ မပါ)

Unicode

အစိုးရ ဝန်ထမ်းများ ဒီဇင်ဘာ (၇) ရက်တွင် အင်အားပြည့် ရုံးပြန်တက်ရမည် (Stay Home မြို့နယ်များ မပါ)

နေအိမ်တွင် နေထိုင်ရေး (Stay at Home) အဖြစ် သတ်မှတ်ထားသည့် မြို့နယ်များမှလွဲ၍ တစ်နိုင်ငံလုံးရှိ နိုင်ငံ့ဝန်ထမ်းများ မူလအင်အား အပြည့်အဝဖြင့် ဒီဇင်ဘာ ၇ ရက် တွင် ရုံးပုံမှန် ပြန်တက်၍ ပြန်လည် တာဝန်ထမ်းဆောင်ရန် ဒီဇင်ဘာ ၂ ရက်မှာ ကိုဗစ် ကာကွယ်ထိန်းချုပ် ကူသရေး အမျိုသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

နေပြည်တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ နိုင်ငံ့ ဝန်ထမ်းများတွင် ကိုဗစ် ကူးစက်ခံရမှုကို အထိုက် အလျောက် ထိန်းချုပ်လာ နိုင်၍ နှစ်ပတ်ရုံးတက်၊ နှစ်ပတ် အိမ်တွင်နေ၍ ရုံးလုပ်ငန်း ဆောင်ရွက် စေသည့် အစီအစဉ်ကို ရုပ် သိမ်း၍ မူလအင်အားအတိုင်း အပြည့်အဝ တာဝန် ထမ်းဆောင်စေရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။ သို့သော် Stay at Home သတ်မှတ်ထားသော မြို့နယ်များ မှ နိုင်ငံ့ ဝန်ထမ်းများမှာမူ ဒီဇင်ဘာ ၇ ရက်က စ၍ ရုံးပုံမှန် ပြန်တက်ရမည့် အစီအစဉ်တွင် ပါဝင်ခြင်း မရှိသေးပေ။ နှစ်ပတ်ရုံးတက်၊ နှစ်ပတ် အိမ်တွင် နေ၍ ရုံးလုပ်ငန်း ဆောင်ရွက်စေသည့် အစီအစဉ်ကို စက်တင်ဘာ ၁၅ ရက်တွင် စတင် ကျင့်သုံးခဲ့ပြီး နှစ်လခွဲ အကြာတွင် ယင်းစနစ်ကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းအစီအစဉ်ကို ဒီဇင်ဘာ ၁ ရက်က ပြုလုပ်ခဲ့သည့် ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ နှစ်ပတ် ရုံးတက်၊ နှစ်ပတ် အိမ်တွင်နေ၍ ရုံးလုပ်ငန်း ဆောင်ရွက်စေသည့် အစီအစဉ်ကို ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် စတင် ဆောင်ရွက်စဉ်က မကျင့် သုံးနိုင်ခဲ့ဘဲ ယခုလို ပုံမှန် ရုံးပြန် တက်ရ၍ အခြား ဝန်ကြီးဌာနများ နှင့် ပူးပေါင်းဆောင်ရွက်မှု အား ကောင်းလာနိုင်ကြောင်း နေပြည် တော်ပြည်သူ့ ကျန်းမာရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါသည်။

“ဝန်ထမ်းတွေ အနေနဲ့၊ ရုံး ဌာနတွေအနေနဲ့ သတိထားရမှာ က ဧည့်သည်ပါပဲ။ ဧည့်သည်တွေ များလာမှာ၊ လုပ်ငန်းတွေ များလာမှာ အများပြည်သူနဲ့ ဆက်ဆံတဲ့ ဌာနတွေ သတိထားရမယ်’’ ဟု ၎င်းက ဆိုပါတယ်။ နေပြည်တော်ရှိ အစိုးရ ဝန်ထမ်း များအား ပညာပေးမှုများ ဆောင်ရွက်ထားပြီး စည်းကမ်း လိုက်နာမှုများ ရှိလာ၍ နောက်ပိုင်းတွင် ကူးစက်မှု လျော့နည်း လာကြောင်း ဒေါက်တာမြတ်ဝဏ္ဏ စိုးက ဆက်လက် ပြောကြားပါတယ်။ “အခုလို ပုံမှန် ပြန်တက်ရ တော့ လုပ်ငန်းလုပ်ရတာ ပို အဆင်ပြေမှာ။ အခုက အဆင်မပြေဘူး။ ပိုပြီးတော့ ပင်ပန်းတယ်။ တစ်ဝက်တက်၊ တစ်ဝက်နား ဆိုတော့ တစ်ယောက်စာ ကို နှစ်ယောက်စာ လုပ်နေရတာလေ’’ ဟု ဝန်ကြီး ဌာန တစ်ခုမှ လက်ထောက် ညွှန်ကြားရေးမှူး တစ်ဦးက ပြော ကြားပါတယ်။ နေပြည်တော်သို့ လာရောက်သူများ အနေဖြင့် မြို့နယ်အလိုက် သတ်မှတ်ထားသည့် ရက်အတိုင်း Q ဝင်ရောက်၍ ကိုဗစ် ရှိ၊ မရှိ စစ်ဆေး ပြီးမှသာ ဝင်ခွင့် ရရှိမည် ဖြစ်ပါတယ်။ Credit

Zawgyi

အစိုးရ ဝန္ထမ္းမ်ား ဒီဇင္ဘာ (၇) ရက္တြင္ အင္အားျပည့္ ႐ုံးျပန္တက္ရမည္ (Stay Home ၿမိဳ႕နယ္မ်ား မပါ)

ေနအိမ္တြင္ ေနထိုင္ေရး (Stay at Home) အျဖစ္ သတ္မွတ္ထားသည့္ ၿမိဳ႕နယ္မ်ားမွလြဲ၍ တစ္ႏိုင္ငံလုံးရွိ ႏိုင္ငံ့ဝန္ထမ္းမ်ား မူလအင္အား အျပည့္အဝျဖင့္ ဒီဇင္ဘာ ၇ ရက္ တြင္ ႐ုံးပုံမွန္ ျပန္တက္၍ ျပန္လည္ တာဝန္ထမ္းေဆာင္ရန္ ဒီဇင္ဘာ ၂ ရက္မွာ ကိုဗစ္ ကာကြယ္ထိန္းခ်ဳပ္ ကူသေရး အမ်ိဳသားအဆင့္ ဗဟိုေကာ္မတီက ထုတ္ျပန္လိုက္ပါတယ္။

ေနျပည္ေတာ္ ေကာင္စီနယ္ေျမႏွင့္ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားရွိ ႏိုင္ငံ့ ဝန္ထမ္းမ်ားတြင္ ကိုဗစ္ ကူးစက္ခံရမႈကို အထိုက္ အေလ်ာက္ ထိန္းခ်ဳပ္လာ ႏိုင္၍ ႏွစ္ပတ္႐ုံးတက္၊ ႏွစ္ပတ္ အိမ္တြင္ေန၍ ႐ုံးလုပ္ငန္း ေဆာင္႐ြက္ ေစသည့္ အစီအစဥ္ကို ႐ုပ္ သိမ္း၍ မူလအင္အားအတိုင္း အျပည့္အဝ တာဝန္ ထမ္းေဆာင္ေစရန္ ဆုံးျဖတ္ခဲ့ျခင္း ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိပါတယ္။ သို႔ေသာ္ Stay at Home သတ္မွတ္ထားေသာ ၿမိဳ႕နယ္မ်ား မွ ႏိုင္ငံ့ ဝန္ထမ္းမ်ားမွာမူ ဒီဇင္ဘာ ၇ ရက္က စ၍ ႐ုံးပုံမွန္ ျပန္တက္ရမည့္ အစီအစဥ္တြင္ ပါဝင္ျခင္း မရွိေသးေပ။ ႏွစ္ပတ္႐ုံးတက္၊ ႏွစ္ပတ္ အိမ္တြင္ ေန၍ ႐ုံးလုပ္ငန္း ေဆာင္႐ြက္ေစသည့္ အစီအစဥ္ကို စက္တင္ဘာ ၁၅ ရက္တြင္ စတင္ က်င့္သုံးခဲ့ၿပီး ႏွစ္လခြဲ အၾကာတြင္ ယင္းစနစ္ကို ဖ်က္သိမ္းခဲ့ျခင္း ျဖစ္ပါတယ္။ ယင္းအစီအစဥ္ကို ဒီဇင္ဘာ ၁ ရက္က ျပဳလုပ္ခဲ့သည့္ ကိုဗစ္ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ ညႇိႏႈိင္း အစည္းအေဝးက ဆုံးျဖတ္ခဲ့ျခင္း ျဖစ္ပါတယ္။ ႏွစ္ပတ္ ႐ုံးတက္၊ ႏွစ္ပတ္ အိမ္တြင္ေန၍ ႐ုံးလုပ္ငန္း ေဆာင္႐ြက္ေစသည့္ အစီအစဥ္ကို က်န္းမာေရး ဝန္ထမ္းမ်ား အေနျဖင့္ စတင္ ေဆာင္႐ြက္စဥ္က မက်င့္ သုံးႏိုင္ခဲ့ဘဲ ယခုလို ပုံမွန္ ႐ုံးျပန္ တက္ရ၍ အျခား ဝန္ႀကီးဌာနမ်ား ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈ အား ေကာင္းလာႏိုင္ေၾကာင္း ေနျပည္ ေတာ္ျပည္သူ႔ က်န္းမာေရးဦးစီး ဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာျမတ္ဝဏၰစိုးက ေျပာပါသည္။

“ဝန္ထမ္းေတြ အေနနဲ႔၊ ႐ုံး ဌာနေတြအေနနဲ႔ သတိထားရမွာ က ဧည့္သည္ပါပဲ။ ဧည့္သည္ေတြ မ်ားလာမွာ၊ လုပ္ငန္းေတြ မ်ားလာမွာ အမ်ားျပည္သူနဲ႔ ဆက္ဆံတဲ့ ဌာနေတြ သတိထားရမယ္’’ ဟု ၎က ဆိုပါတယ္။ ေနျပည္ေတာ္ရွိ အစိုးရ ဝန္ထမ္း မ်ားအား ပညာေပးမႈမ်ား ေဆာင္႐ြက္ထားၿပီး စည္းကမ္း လိုက္နာမႈမ်ား ရွိလာ၍ ေနာက္ပိုင္းတြင္ ကူးစက္မႈ ေလ်ာ့နည္း လာေၾကာင္း ေဒါက္တာျမတ္ဝဏၰ စိုးက ဆက္လက္ ေျပာၾကားပါတယ္။ “အခုလို ပုံမွန္ ျပန္တက္ရ ေတာ့ လုပ္ငန္းလုပ္ရတာ ပို အဆင္ေျပမွာ။ အခုက အဆင္မေျပဘူး။ ပိုၿပီးေတာ့ ပင္ပန္းတယ္။ တစ္ဝက္တက္၊ တစ္ဝက္နား ဆိုေတာ့ တစ္ေယာက္စာ ကို ႏွစ္ေယာက္စာ လုပ္ေနရတာေလ’’ ဟု ဝန္ႀကီး ဌာန တစ္ခုမွ လက္ေထာက္ ၫႊန္ၾကားေရးမႉး တစ္ဦးက ေျပာ ၾကားပါတယ္။ ေနျပည္ေတာ္သို႔ လာေရာက္သူမ်ား အေနျဖင့္ ၿမိဳ႕နယ္အလိုက္ သတ္မွတ္ထားသည့္ ရက္အတိုင္း Q ဝင္ေရာက္၍ ကိုဗစ္ ရွိ၊ မရွိ စစ္ေဆး ၿပီးမွသာ ဝင္ခြင့္ ရရွိမည္ ျဖစ္ပါတယ္။ Credit

Be the first to comment on "အစိုးရ ဝန်ထမ်းများ ဒီဇင်ဘာ (၇) ရက်တွင် အင်အားပြည့် ရုံးပြန်တက်ရမည် (Stay Home မြို့နယ်များ မပါ)"

Leave a comment

Your email address will not be published.


*