ကိုဗစ်အတွက် ဖြေဆေး ( ဖြေဆေးကြီး ၃မျိုး ထွက်ပေါ်လာ ပြီးပါပြီ)

ကိုဗစ်အတွက် ဖြေဆေး ( ဖြေဆေးကြီး ၃မျိုး ထွက်ပေါ်လာ ပြီးပါပြီ)

ပျောက်ဆေးက မရှိသေး။ ကာကွယ်ဆေးက မကြာမီ ဆိုတော့ ဖြေဆေး လေးနဲ့ စောင့်ကြတာပေါ့ ။ အခုတော့ ဖြေဆေးကို တွေ့ခဲ့ပြီ။

(၁) နိုင်ငံတော် ဖြေဆေး – ရှိရှိသမျှသော အရင်းအမြစ် တို့ကို အစွမ်းကုန် သုံးပြီး ပိတ်ချီတစ်ခါ ၊ ဖွင့်ချည် တစ်လှည့် ။ ကျွေးမွေးမပျက် ဆောင်ရွက် စီမံ ပြီး ကြူနည်းပေါင်းစုံ ၊ စင်တာ အမျိုးမျိုး နဲ့ ပြည်သူတိုင်းကို ရင်ဝယ်သားပမာ သဘောထား စောင့်ရှောက် ခဲ့ပါတယ်။ အခုချိန်က နိုင်ငံ့ အရင်းအမြစ်တို့ကို အနာဂါတ် အလို့ငှာ ရှေ့ရေး မျှော်တွေးရမှာမို့ ။ ကိုယ့် အိမ်နီးချင်းတွေ နဲ့ ယှဉ်လိုက်ရင် ” စောင့်ရှောက်မှု ” အရာမှာ နောက်မကျန်ခဲ့ပေဘူး လို့ “ဖြေ” မယ်ဆိုရင် ” ဖြေသာ” တဲ့ အခြေအနေပါ။ တရားနဲ့သာ ဖြေပါရော့ နိုင်ငံတော်။

(၂) ကျန်းမာရေး ဝန်ထမ်းများ ဖြေဆေး – ကိုဗစ်ကြီး စ ,ပါပြီ ဆိုကတည်းက ဝန်ကြီး မှသည် အောက်ခြေက ပြည်သူ့ ကျန်းမာရေး လုပ်သား အထိ နှစ်ပေါက်အောင် စိတ်လည်းထောင်း ၊ ကိုယ်လည်းကြေ လုပ်ခဲ့ကြပါပြီ။ လွဲတာတွေ ၊ချော်တာတွေ ရှိခဲ့သလို စွမ်းနိုင်၊ ဆောင်နိုင် ခဲ့တာတွေလည်း ရှိခဲ့ကြပါပြီ။ ပြည်သူတွေ အပေါ်မှာ “ကပ်ဘေး” ကာလ တစ်လျှောက် တာဝန် အကျေဆုံး ပေးဆပ် ထမ်းဆောင်ခဲ့ကြပါပြီ။ ဒီတော့ ” ဖြေ” မယ်ဆိုရင် ” ဖြေသာ” တဲ့ အခြေအနေပါ။ တရားနဲ့သာ ဖြေပါရော့ ဆရာ၊ဆရာမတို့။

(၃) ပြည်သူ့ အတွက်ဖြေဆေး – အိမ်ထဲမှာ အောင့်နိုင်သလောက် အောင့်အည်း ပေးခဲ့ကြပါပြီ။ လှူနိုင် သလောက်လည်း ကူညီ လှူဒါန်း ပါဝင် ခဲ့ကြပြီးပါပြီ။ ကူးစက်ခံ ၊ အသက်ဆုံးခံပြီး ကျန်တဲ့ ပြည်သူတွေ အတွက် ကိန်းဂဏန်း တစ်ခုအဖြစ် ဖြစ်နှုန်း၊ သေနှုန်းတွေမှာ ပါဝင် သက်သေ ပြခဲ့ပြီးပါပြီ။ စည်းကမ်း မလိုက်နာနိုင်ကြသူတွေ အတွက် အသက်နဲ့ ရင်းပြီး ပညာ ပေးခဲ့ကြတဲ့ ပြည်သူတွေ အဖို့ သူတို့တာဝန် ကြေခဲ့ကြပါပြီ။ Mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေ။ တရားနဲ့လည်း ဖြေနိုင်ကြပါပြီ။

(၄) ပြီးပါပြီ ။ ကို ဗစ်ကြီး ဤ မှာတွင် ပြီးပါပြီ။ Credit to Nay Win

Zawgyi

ကိုဗစ္အတြက္ ေျဖေဆး ( ေျဖေဆးႀကီး ၃မ်ိဳး ထြက္ေပၚလာ ၿပီးပါၿပီ)

ေပ်ာက္ေဆးက မရွိေသး။ ကာကြယ္ေဆးက မၾကာမီ ဆိုေတာ့ ေျဖေဆး ေလးနဲ႔ ေစာင့္ၾကတာေပါ့ ။ အခုေတာ့ ေျဖေဆးကို ေတြ႕ခဲ့ၿပီ။

(၁) ႏိုင္ငံေတာ္ ေျဖေဆး – ရွိရွိသမွ်ေသာ အရင္းအျမစ္ တို႔ကို အစြမ္းကုန္ သုံးၿပီး ပိတ္ခ်ီတစ္ခါ ၊ ဖြင့္ခ်ည္ တစ္လွည့္ ။ ေကြၽးေမြးမပ်က္ ေဆာင္႐ြက္ စီမံ ၿပီး ၾကဴနည္းေပါင္းစုံ ၊ စင္တာ အမ်ိဳးမ်ိဳး နဲ႔ ျပည္သူတိုင္းကို ရင္ဝယ္သားပမာ သေဘာထား ေစာင့္ေရွာက္ ခဲ့ပါတယ္။ အခုခ်ိန္က ႏိုင္ငံ့ အရင္းအျမစ္တို႔ကို အနာဂါတ္ အလို႔ငွာ ေရွ႕ေရး ေမွ်ာ္ေတြးရမွာမို႔ ။ ကိုယ့္ အိမ္နီးခ်င္းေတြ နဲ႔ ယွဥ္လိုက္ရင္ ” ေစာင့္ေရွာက္မႈ ” အရာမွာ ေနာက္မက်န္ခဲ့ေပဘူး လို႔ “ေျဖ” မယ္ဆိုရင္ ” ေျဖသာ” တဲ့ အေျခအေနပါ။ တရားနဲ႔သာ ေျဖပါေရာ့ ႏိုင္ငံေတာ္။

(၂) က်န္းမာေရး ဝန္ထမ္းမ်ား ေျဖေဆး – ကိုဗစ္ႀကီး စ ,ပါၿပီ ဆိုကတည္းက ဝန္ႀကီး မွသည္ ေအာက္ေျခက ျပည္သူ႔ က်န္းမာေရး လုပ္သား အထိ ႏွစ္ေပါက္ေအာင္ စိတ္လည္းေထာင္း ၊ ကိုယ္လည္းေၾက လုပ္ခဲ့ၾကပါၿပီ။ လြဲတာေတြ ၊ေခ်ာ္တာေတြ ရွိခဲ့သလို စြမ္းႏိုင္၊ ေဆာင္ႏိုင္ ခဲ့တာေတြလည္း ရွိခဲ့ၾကပါၿပီ။ ျပည္သူေတြ အေပၚမွာ “ကပ္ေဘး” ကာလ တစ္ေလွ်ာက္ တာဝန္ အေက်ဆုံး ေပးဆပ္ ထမ္းေဆာင္ခဲ့ၾကပါၿပီ။ ဒီေတာ့ ” ေျဖ” မယ္ဆိုရင္ ” ေျဖသာ” တဲ့ အေျခအေနပါ။ တရားနဲ႔သာ ေျဖပါေရာ့ ဆရာ၊ဆရာမတို႔။

(၃) ျပည္သူ႔ အတြက္ေျဖေဆး – အိမ္ထဲမွာ ေအာင့္ႏိုင္သေလာက္ ေအာင့္အည္း ေပးခဲ့ၾကပါၿပီ။ လႉႏိုင္ သေလာက္လည္း ကူညီ လႉဒါန္း ပါဝင္ ခဲ့ၾကၿပီးပါၿပီ။ ကူးစက္ခံ ၊ အသက္ဆုံးခံၿပီး က်န္တဲ့ ျပည္သူေတြ အတြက္ ကိန္းဂဏန္း တစ္ခုအျဖစ္ ျဖစ္ႏႈန္း၊ ေသႏႈန္းေတြမွာ ပါဝင္ သက္ေသ ျပခဲ့ၿပီးပါၿပီ။ စည္းကမ္း မလိုက္နာႏိုင္ၾကသူေတြ အတြက္ အသက္နဲ႔ ရင္းၿပီး ပညာ ေပးခဲ့ၾကတဲ့ ျပည္သူေတြ အဖို႔ သူတို႔တာဝန္ ေၾကခဲ့ၾကပါၿပီ။ Mask တပ္၊ လက္ေဆး၊ ခပ္ခြာခြာေန။ တရားနဲ႔လည္း ေျဖႏိုင္ၾကပါၿပီ။

(၄) ၿပီးပါၿပီ ။ ကို ဗစ္ႀကီး ဤ မွာတြင္ ၿပီးပါၿပီ။ Credit to Nay Win

Be the first to comment on "ကိုဗစ်အတွက် ဖြေဆေး ( ဖြေဆေးကြီး ၃မျိုး ထွက်ပေါ်လာ ပြီးပါပြီ)"

Leave a comment

Your email address will not be published.


*