ရဲဘော်သုံးကျိပ် အဖွဲ့ဝင် ဗိုလ်စကြာ၏ ဇနီး (သို့) Hollywood ရဲ့ မြန်မာ့ မင်းသမီး ဝင်းမင်းသန်း

Unicode

ရဲဘော်သုံးကျိပ် အဖွဲ့ဝင် ဗိုလ်စကြာ၏ ဇနီး (သို့) Hollywood ရဲ့ မြန်မာ့ မင်းသမီး ဝင်းမင်းသန်း

သူ့နာမည်က ဝင်းဝင်းမြင့်။ ၁၉၃၂ နိုဝင်ဘာ ၃၀တွင် မွေးဖွားသူ။ ရန်ကုန်ဇာတိ။ အင်္ဂလိပ်-ဗမာ ကပြား။ သူ့ချစ်သူက သူ့ထက် အသက် ၁၇နှစ်ကြီးသူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စကြာ။

၁၉၅၃တွင် Hollywood က The Purple Plain
(ခရမ်းရောင်လွင်ပြင်) ဇာတ်ကားကို မြန်မာပြည်တွင်
လာရိုက်မည်။ မင်းသားက နာမည်ကျော်Gregory Peck၊ မင်းသမီးက မြန်မာအမျိုးသမီး (မင်းသမီးအသစ်) ရှာမည် ဆို၏။

ထိုဇာတ်ကားကို ပြည်ထဲရေးဝန်ကြီးက မြန်မာပြည်တွင် ရိုက်ခွင့်မပြု။ ထို့အတွက် သီရိလင်္ကာသို့ သွားရိုက်ရသည်။ ချစ်သူဗိုလ်စကြာနှင့် အီတလီနိုင်ငံ ရောမမြို့၌ လက်ထပ်ခဲ့သည်။ ဗိုလ်စကြာ၏ အမည်ရင်းက သခင်အောင်သန်း။ သူ့ဇနီး ဖြစ်ပြီမို့ ဝင်းဝင်းမြင့် အမည်မှ ဝင်းတစ်လုံးကို ဖြုတ်ကာ ခင်ပွန်းအမည်မှ သန်းကိုဖြည့်ပြီး ဝင်းမြင့်သန်း ဟုပြောင်းလိုက်သည်။

ဇာတ်ကားရိုက်ပြီး၍ နမူနာပြသည်။ ဇာတ်ကား မိတ်ဆက်ပေးသူက Win Myint Than အမည်ကို ပီအောင် မပြောနိုင်။ ဝင်း မိုင်အင့်သန်း ဟုသာ ခဏခဏ ရွတ်နေသည်။ သို့နှင့် အဆင်ပြေအောင် ဝင်းမင်းသန်းဟု ပြောင်းရပြန်သည်။ ဇာတ်ကားက အလွန် အောင်မြင်သည်။ သို့သော် မင်းသမီးက ဆက်မရိုက်တော့။ ပြည်တွင်း၊ ပြည်ပ ဇာတ်ကား အားလုံးကို ငြင်းလိုက်သည်။ အိမ်ထောင်သည် ဘဝနှင့်သာ အေးအေးချမ်းချမ်း နေလိုသည်။

ဘဝဟူသည် ပန်းခင်းလမ်းချည်း မဟုတ်၊ တစ်ခါတစ်ရံ ဆူးတောကိုလည်း ဖြတ်ရသည်။ ဤအဆိုအတိုင်း ဝင်းမင်းသန်း ကြုံခဲ့ရသည်။ ကိုယ်ကျင့်တရားအထိ ပြောဆိုဝေဖန် သိက္ခာချခံခဲ့ရသည်။

၁၉၆၂ခုနှစ် နောက်ပိုင်း နိုင်ငံရေး အခြေအနေကို ခင်ပွန်းသည်က လက်မခံနိုင်။ သူက ရဲဘော်သုံးကျိပ်ဝင် တစ်ဦးပေကိုး။ သို့နှင့် ခင်ပွန်းသည်က လက်နက်ကိုင် တော်လှန်မည်ဟု ဆိုကာ ထိုင်းနယ်စပ်သို့ ထွက်သွားခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် သူ့ခင်ပွန်း ထိုင်းနိုင်ငံတွင် ကွယ်လွန်သည်။

မုဆိုးမ ဖြစ်တော့ သူ့အသက်က ၃၇ နှစ်။ လောကဓံ အကြောင်း သူသိပြီ။ သူသည် ရုပ်လှသလို စိတ်လည်း ထက်သည်။ ပြတ်လည်းပြတ်သည်။ အေးချမ်းမှုကို ရှာဖို့ သူဆုံးဖြတ်လိုက်သည် ။ စစ်ကိုင်းချောင်ကို သွားသည်။ သာသနာ့အနွယ်ဝင် တစ်ဦးအဖြစ် ခံယူလိုက်သည်။

လောကတွင် စိတ်အေးချမ်းမှုထက် ဘယ်အရာက ပိုသာနိုင်ပါအံ့နည်း။ အခုချိန် သူရှိသေးလျှင် အသက် ၈၈ ကျော်ပြီပေါ့

Credit ဆရာ ချယ်ရီမြေမောင်တင်ထွန်း

Zawgyi

ရဲေဘာ္သုံးက်ိပ္ အဖြဲ႕ဝင္ ဗိုလ္စၾကာ၏ ဇနီး (သို႔) Hollywood ရဲ႕ ျမန္မာ့ မင္းသမီး ဝင္းမင္းသန္း

သူ႔နာမည္က ဝင္းဝင္းျမင့္။ ၁၉၃၂ ႏိုဝင္ဘာ ၃၀တြင္ ေမြးဖြားသူ။ ရန္ကုန္ဇာတိ။ အဂၤလိပ္-ဗမာ ကျပား။ သူ႔ခ်စ္သူက သူ႔ထက္ အသက္ ၁၇ႏွစ္ႀကီးသူ ရဲေဘာ္သုံးက်ိပ္ဝင္ ဗိုလ္စၾကာ။

၁၉၅၃တြင္ Hollywood က The Purple Plain
(ခရမ္းေရာင္လြင္ျပင္) ဇာတ္ကားကို ျမန္မာျပည္တြင္
လာ႐ိုက္မည္။ မင္းသားက နာမည္ေက်ာ္Gregory Peck၊ မင္းသမီးက ျမန္မာအမ်ိဳးသမီး (မင္းသမီးအသစ္) ရွာမည္ ဆို၏။

ထိုဇာတ္ကားကို ျပည္ထဲေရးဝန္ႀကီးက ျမန္မာျပည္တြင္ ႐ိုက္ခြင့္မျပဳ။ ထို႔အတြက္ သီရိလကၤာသို႔ သြား႐ိုက္ရသည္။ ခ်စ္သူဗိုလ္စၾကာႏွင့္ အီတလီႏိုင္ငံ ေရာမၿမိဳ႕၌ လက္ထပ္ခဲ့သည္။ ဗိုလ္စၾကာ၏ အမည္ရင္းက သခင္ေအာင္သန္း။ သူ႔ဇနီး ျဖစ္ၿပီမို႔ ဝင္းဝင္းျမင့္ အမည္မွ ဝင္းတစ္လုံးကို ျဖဳတ္ကာ ခင္ပြန္းအမည္မွ သန္းကိုျဖည့္ၿပီး ဝင္းျမင့္သန္း ဟုေျပာင္းလိုက္သည္။

ဇာတ္ကား႐ိုက္ၿပီး၍ နမူနာျပသည္။ ဇာတ္ကား မိတ္ဆက္ေပးသူက Win Myint Than အမည္ကို ပီေအာင္ မေျပာႏိုင္။ ဝင္း မိုင္အင့္သန္း ဟုသာ ခဏခဏ ႐ြတ္ေနသည္။ သို႔ႏွင့္ အဆင္ေျပေအာင္ ဝင္းမင္းသန္းဟု ေျပာင္းရျပန္သည္။ ဇာတ္ကားက အလြန္ ေအာင္ျမင္သည္။ သို႔ေသာ္ မင္းသမီးက ဆက္မ႐ိုက္ေတာ့။ ျပည္တြင္း၊ ျပည္ပ ဇာတ္ကား အားလုံးကို ျငင္းလိုက္သည္။ အိမ္ေထာင္သည္ ဘဝႏွင့္သာ ေအးေအးခ်မ္းခ်မ္း ေနလိုသည္။

ဘဝဟူသည္ ပန္းခင္းလမ္းခ်ည္း မဟုတ္၊ တစ္ခါတစ္ရံ ဆူးေတာကိုလည္း ျဖတ္ရသည္။ ဤအဆိုအတိုင္း ဝင္းမင္းသန္း ႀကဳံခဲ့ရသည္။ ကိုယ္က်င့္တရားအထိ ေျပာဆိုေဝဖန္ သိကၡာခ်ခံခဲ့ရသည္။

၁၉၆၂ခုႏွစ္ ေနာက္ပိုင္း ႏိုင္ငံေရး အေျခအေနကို ခင္ပြန္းသည္က လက္မခံႏိုင္။ သူက ရဲေဘာ္သုံးက်ိပ္ဝင္ တစ္ဦးေပကိုး။ သို႔ႏွင့္ ခင္ပြန္းသည္က လက္နက္ကိုင္ ေတာ္လွန္မည္ဟု ဆိုကာ ထိုင္းနယ္စပ္သို႔ ထြက္သြားခဲ့သည္။ ၁၉၆၉ ခုႏွစ္တြင္ သူ႔ခင္ပြန္း ထိုင္းႏိုင္ငံတြင္ ကြယ္လြန္သည္။

မုဆိုးမ ျဖစ္ေတာ့ သူ႔အသက္က ၃၇ ႏွစ္။ ေလာကဓံ အေၾကာင္း သူသိၿပီ။ သူသည္ ႐ုပ္လွသလို စိတ္လည္း ထက္သည္။ ျပတ္လည္းျပတ္သည္။ ေအးခ်မ္းမႈကို ရွာဖို႔ သူဆုံးျဖတ္လိုက္သည္ ။ စစ္ကိုင္းေခ်ာင္ကို သြားသည္။ သာသနာ့အႏြယ္ဝင္ တစ္ဦးအျဖစ္ ခံယူလိုက္သည္။

ေလာကတြင္ စိတ္ေအးခ်မ္းမႈထက္ ဘယ္အရာက ပိုသာႏိုင္ပါအံ့နည္း။ အခုခ်ိန္ သူရွိေသးလွ်င္ အသက္ ၈၈ ေက်ာ္ၿပီေပါ့

Credit ဆရာ ခ်ယ္ရီေျမေမာင္တင္ထြန္း

Be the first to comment on "ရဲဘော်သုံးကျိပ် အဖွဲ့ဝင် ဗိုလ်စကြာ၏ ဇနီး (သို့) Hollywood ရဲ့ မြန်မာ့ မင်းသမီး ဝင်းမင်းသန်း"

Leave a comment

Your email address will not be published.


*