BLACKPINK အဖြဲ႕ဝင္တစ္ေယာက္ျဖစ္သူ Lisa ရဲ႕ အင္တာဗ်ဴ း တစ္ခုေၾကာင့္ မထင္မွတ္ထားရေအာင္ ေရာင္းအားျမင့္တက္သြားတဲ့ ထိုင္းႏိုင္ငံက အသားလံုးဆိုင္ေလး

Unicode

BLACKPINK ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Lisa ဟာဆိုရင်  အခု စက်တင်ဘာလအစပိုင်းတုန်းကထွက်ရှိခဲ့တဲ့ တစ်ကိုယ်တော်ပွဲဦးထွက်အယ်လ်ဘမ် “ LA -LISA ” နဲ့ပတ်သတ်လို့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူမရဲ့မွေးရပ်မြေဖြစ်တဲ့ ဘူရီရန်ပြည်နယ်က အမှတ ်တရအချို့ကို ပြောပြခဲ့ဖူးပါတယ်။

အဆိုပါအင်တာဗျုးမှာ တင်ဆက်သူက Lisa အနေနဲ့ Yuen Kin အသားလုံးကင်တွေကို ကြိုက်နှစ်သက်ပြီး လွမ်းဆွတ်နေတယ်ဆိုတာကို တစ်စုံတစ်ယောက်ဆီကနေ သူ ကြားသိရကြောင်းဆိုကာပြောခဲ့တာကို တွေ့ရပါတယ်။ အဲဒီအခါမှာတော့ Lisa က “အဲဒီအသားလုံးက တော်တော် နာမည် ကြီးတာရှင့် … လာဝယ်တဲ့သူတွေ ဆိုရင် ဝယ်ပြီးတာနဲ့ ဘူရီရန် ဘူတာရုံနားမှာတင် ချက်ချင်းစားပစ်ကြတာ” လို့ဆိုကာ ရယ်မောပြီးပြန်လည်တုံ့ပြန်ပြောခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဆက်လက်ပြီး အဆိုပါဆိုင်က အ ချဉ်ရဲ့အရသာက အသားလုံးတွေကို ပိုမိုအရသာရှိသွားစေကြောင်းနဲ့ ကိုရီးယားမှာ အဲဒီလိုအချဉ်အရသာမျိုးမရှိကြောင်းဆိုကာ သူမ စားလေ့ရှိတဲ့ အသားလုံးအကင်ဆိုင်အကြောင်းကို အမှတ် တရ ပြောသွားခဲ့တာ ဖြစ်ပါတ ယ်။

ဒီလိုမျိုးပြောထားတဲ့ အင်တာဗျူး ထွက်ရှိလာပြီး ချိန်မှာတော့ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ ပရိသတ်တွေဟာ ဘူရီရန်ပြည်နယ်ဘက်ကို ချက်ချင်းဆိုသလိုသွားရောက်ကာ Lisa ပြောခဲ့တဲ့ဆိုင်ကိုရှာဖွေပြီး အသားလုံးတွေကို တိုးကြိတ်ဝယ်ယူခဲ့ကြတယ်လို့ သိရပါတယ်။

‌Bangkok Post သတင်းစာမှာတော့ Lisa ရဲ့စ ကားတွေဟာ ဘူရီရန ်ပြည်နယ်မှာရှိတဲ့ အသားလုံးအကင်ဆိုင်တွေရဲ့ ရောင်းအားကို တစ်မဟုတ်ချင်းဆိုသလို မြင့်တက်သွားရလောက်တဲ့ အထိအောင် လွှမ်းမိုးမှုရှိတယ်လို့ ရေးသားထားပြီး အသားလုံးတွေရောင်းချတဲ့ဆိုင်ရှင ်နှစ်ဦးကလည်း သူတို့ဆိုင်ရဲ့ ရောင်းအားဟာ Lisa ကြောင့် ချက်ချင်းဆိုသလို မြင့်တက်သွားခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

ဘူရီရန်ပြည်နယ်ရဲ့ ပြယုခ်တွေထဲမှာပါဝင်တဲ့ အသားလုံးအကင်ဆိုင်တွေ အတော်များများရဲ့ ရောင်းချရမှုအခြ ေအနေဟာဆိုရင် Covid-19 ကြောင့်  လာရောက်စားသုံးသူနည်းပါးနေတဲ့အတွက် အချိန်တစ်ခုမျှရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Lisa ရဲ့ အင် တာဗျူးထွက်ရှိလာချိန်မှာတော့ တစ်ရက်ကို အော်ဒါအ ရေအတွက် ၂၀၀၀ မျှရရှိခဲ့ပြီး ဆိုင်တစ်ဆိုင်ချင်းဆီရဲ့ ပျှမ်းမျှဝင်ငွေဟာ ဘတ် ၁၀၀၀၀ အထိရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ဆိုင်တွေကလည်း Lisa ကြိုက်နှစ်သက်တဲ့အချဉ်ပုံစံမျိုးကို မှာယူကြတာကြောင့် အဆိုပါဆိုင်ရှင်နှစ်ယောက်က Lisa ကို ကျေး ဇူးတင်စကားပြောထားပြီး နောင်တစ်ချိန် Lisa အနေနဲ့ မွေးရပ်မြေကို ပြန်လာတဲ့အချိန်ကျရင် သူမ နှစ်သက်တဲ့ အကင်တွေကို‌ အခကြေးငွေမယူပဲ ကျွေးမွေးပါမယ်လို့ ကတိပေးခဲ့ကြတာကို တွေ့ရပါတယ်။

Credit

Zawgyi

BLACKPINK အဖြဲ႕ဝင္တစ္ေယာက္ျဖစ္သူ Lisa ရဲ႕ အင္တာဗ်ဴ း တစ္ခုေၾကာင့္ မထင္မွတ္ထားရေအာင္ ေရာင္းအားျမင့္တက္သြားတဲ့ ထိုင္းႏိုင္ငံက အသားလံုးဆိုင္ေလး

BLACKPINK ရဲ႕ အဖြဲ႕ဝင္တစ္ေယာက္ျဖစ္သူ Lisa ဟာဆိုရင္  အခု စက္တင္ဘာလအစပိုင္းတုန္းကထြက္ရွိခဲ့တဲ့ တစ္ကိုယ္ေတာ္ပြဲဦးထြက္အယ္လ္ဘမ္ “ LA -LISA ” နဲ႕ပတ္သတ္လို႔ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ သူမရဲ႕ေမြးရပ္ေျမျဖစ္တဲ့ ဘူရီရန္ျပည္နယ္က ဘူရီရန္ျပည္နယ္က အမွတ ္တရအခ်ိဳ႕ကို ေျပာျပခဲ့ဖူးပါတယ္။

အဆိုပါအင္တာဗ်ဳးမွာ တင္ဆက္သူက Lisa အေနနဲ႕ Yuen Kin အသားလုံးကင္ေတြကို ႀကိဳက္ႏွစ္သက္ၿပီး လြမ္းဆြတ္ေနတယ္ဆိုတာကို တစ္စုံတစ္ေယာက္ဆီကေန သူ ၾကားသိရေၾကာင္းဆိုကာ ေျပာခဲ့တာကို ေတြ႕ ရပါတယ္။ အဲဒီအခါမွာေတာ့ Lisa က “အဲဒီအသားလုံးက ေတာ္ေတာ္ နာမည္ႀကီးတာရွင့္ … လာဝယ္တဲ့သူေတြ ဆိုရင္ ဝယ္ၿပီးတာနဲ႕ ဘူရီရန္ ဘူတာ႐ုံနားမွာတင္ ခ်က္ခ်င္းစားပစ္ၾကတာ” လို႔ဆိုကာ ရယ္ေမာၿပီးျပန္လည္တုံ႕ျပန္ေျပာခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ ဆက္လက္ၿပီး အဆိုပါဆိုင္က အ ခ်ဥ္ရဲ႕အရသာက အသားလုံးေတြကို ပိုမိုအရသာရွိသြား ေစေၾကာင္းနဲ႕ ကိုရီးယားမွာ အဲဒီလိုအခ်ဥ္အရသာမ်ိဳးမရွိေၾကာင္းဆိုကာ သူမ စားေလ့ရွိတဲ့ အသားလုံးအကင္ဆိုင္အေၾကာင္းကို အမွတ္တရ ေျပာသြားခဲ့တာ ျဖစ္ပါတ ယ္။

ဒီလိုမ်ိဳးေျပာထားတဲ့ အင္တာဗ်ဴး ထြက္ရွိလာၿပီး ခ်ိန္မွာေတာ့ ထိုင္းနိုင္ငံအတြင္းမွာရွိတဲ့ ပရိသတ္ေတြဟာ ဘူရီရန္ျပည္နယ္ဘက္ကို ခ်က္ခ်င္းဆိုသလိုသြားေရာက္ကာ Lisa ေျပာခဲ့တဲ့ဆိုင္ကိုရွာေဖြၿပီး အသားလုံးေတြကို တိုးႀကိတ္ဝယ္ယူခဲ့ၾကတယ္လို႔ သိရပါတယ္။

Bangkok Post သတင္းစာမွာေတာ့ Lisa ရဲ႕စ ကားေတြဟာ ဘူရီရန ္ျပည္နယ္မွာရွိတဲ့ အသားလုံးအကင္ဆိုင္ေတြရဲ႕ ေရာင္းအားကို တစ္မဟုတ္ခ်င္းဆိုသ လို ျမင့္တက္သြားရေလာက္တဲ့ အထိေအာင္ လႊမ္းမိုးမႈရွိတယ္လို႔ ေရးသားထားၿပီး အသားလုံးေတြေရာင္းခ်တဲ့ဆိုင္ရွင ္ႏွစ္ဦးကလည္း သူတို႔ဆိုင္ရဲ႕ ေရာင္းအားဟာ Lisa ေၾကာင့္ ခ်က္ခ်င္းဆိုသလို ျမင့္တက္သြားခဲ့တယ္လို႔ ေျပာျပခဲ့ပါတယ္။

ဘူရီရန္ျပည္နယ္ရဲ႕ ျပယုခ္ေတြထဲမွာပါဝင္တဲ့ အသားလုံးအကင္ဆိုင္ေတြ အေတာ္မ်ားမ်ားရဲ႕ ေရာင္းခ်မႈ အေျခအေနဟာဆိုရင္ Covid 19 ေၾကာင့္ လာေရာက္စားသံုးသူ နည္းပါးေနတဲ့ အတြက္ ခ်ိန္တစ္ခုမွ်႐ုန္းကန္ေနခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း Lisa ရဲ႕ အင္ တာဗ်ဴးထြက္ရွိလာခ်ိန္မွာေတာ့ တစ္ရက္ကို ေအာ္ဒါအ ေရအတြက္ ၂၀၀၀ မွ်ရရွိခဲ့ၿပီး ဆိုင္တစ္ဆိုင္ခ်င္းဆီရဲ႕ ပွ်မ္းမွ်ဝင္ေငြဟာ ဘတ္ ၁၀၀၀၀ အထိရွိခဲ့တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ေဘးပတ္ဝန္းက်င္မွာရွိတဲ့ ဆိုင္ေတြကလည္း Lisa ႀကိဳက္ႏွစ္သက္တဲ့အခ်ဥ္ပုံစံမ်ိဳးကို မွာယူၾကတာေၾကာင့္ အဆိုပါဆိုင္ရွင္ႏွစ္ေယာက္က Lisa ကို ေက်း ဇူးတင္စကားေျပာထားၿပီး ေနာင္တစ္ခ်ိန္ Lisa အေနနဲ႕ ေမြးရပ္ေျမကို ျပန္လာတဲ့အခ်ိန္က်ရင္ သူမ ႏွစ္သက္တဲ့ အကင္ေတြကို‌ အခေၾကးေငြမယူပဲ ေကြၽးေမြးပါမယ္လို႔ ကတိေပးခဲ့ၾကတာကို ေတြ႕ရပါတယ္။

Credit

Be the first to comment on "BLACKPINK အဖြဲ႕ဝင္တစ္ေယာက္ျဖစ္သူ Lisa ရဲ႕ အင္တာဗ်ဴ း တစ္ခုေၾကာင့္ မထင္မွတ္ထားရေအာင္ ေရာင္းအားျမင့္တက္သြားတဲ့ ထိုင္းႏိုင္ငံက အသားလံုးဆိုင္ေလး"

Leave a comment

Your email address will not be published.


*