မီးလောင်နေတာကို သတိပေးဖို့ ကြိုးစားခဲ့ပြီး သခင်နှင့်မိသားစုရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တဲ့ ခွေးကလေး

Unicode

ခွေးတွေဟာ လူသားတွေအတွက် တကယ့်ကို ကောင်း မွန်တဲ့ အဖော်ကောင်းတွေ ဖြစ်ပြီး သူတို့ကအိမ်ကိုစောင့် ရှောက် ပေးတတ်ကြသူတွေလည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ခွေးတွေက သူတို့အရှင်သခင်ရဲ့ အသက်ကိုတောင် ကယ်တင်ပေးတတ်ကြတဲ့ အဖြစ်အပျက်တွေများစွာလည်း ရှိလို့နေပါတယ်။

ဒီကနေ့မှာတော့ ခွေးတွေက တကယ့်ကို သစ္စာရှိပြီးအရွင်သခင်အပေါ် ဂရုစိုက်ကြောင်းကို သက်သေပြနေတဲ့ အကြောင်း အရာလေးကို ဝေမျှပေးလိုက်ပါတယ်။ မလေးရှား ခွေးလေးတစ်ကောင်ဟာ သခင်မိသားစုဝင် ငါးယောက်ရဲ့ အသက်ကို ကယ်တင် ပေးခဲ့တာဖြစ်ပါတယ်။ မိသားစုဝင်တွေအိပ်ပျော်နေတဲ့အချိန်မှာ နိုးသွားအောင်လုပ်ပြီး မီးသတိပေးခဲ့တာဖြစ်ပါတယ်။

ဒီအဖြစ်အပျက်က မနက်ငါးနာရီခန့်မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး ခွေးကလေးကလွဲပြီး ကျန်တဲ့ မိသားစုဝင်အားလုံးက အိပ်ပျော်နေကြတဲ့ အချိန်ဖြစ်ပါတယ်။ မီးကရုတ်တရက် စတင်လောင် ကျွမ်းတယ်လို့ယူဆရတဲ့အချိန်မှာ ခွေးရဲ့အနံ့ခံနိုင်စွမ်းက မကောင်းတာတစ်ခုခုဖြစ်တော့မယ်ဆိုတာကိုသိရှိပြီး မိသားစုဝင်တွေကို သတိပေးခဲ့တာဖြစ်ပါတယ်။

ခွေးလေးဟာ အသက် ၅၃ နှစ် အရွယ် A.Vimala ကိုနှိုးရန် ရွေးချယ်ခဲ့ပေမယ့် သူမဟာပြသနာကိုမမြင်တွေ့တဲ့အတွက် ဘာတုံ့ပြန်မှုမှမလုပ်ခဲ့ပါဘူး။ အဲနောက်မှာခွေးလေးက သူမရဲ့မျက်နှာနဲ့နားတွေကို ကိုက်သလိုသွား လုပ်ပြီး သူမရဲ့ညဝတ်အကျီ ငေ်္တွကို ဆွဲလှန်လ ိုိုိုိုက်ပါတယ်။

အမျိုးသမီးဟာ ခွေးလေးရေဆာနေတယ်လို့ ထင်မှတ်ခဲ့ပေမယ့် ခွေးလေးကတော့ ဆက်တိုက်သူမ အနားမှာရှိနေခဲ့ပါတယ်။ အဲနောက်မှာတော့ သူမဟာ အိပ်ရာက ထလိုက်ပြီးနောက်မှာတော့ မီးလောင်နေတာကို တွေ့မြင်ခဲ့တာဖြစ်ပါတ ယ်။ မီးလောင်နေတာကို တွေ့သွားတဲ့အမျိုး သမီးဟာ ချက် ချင်းပဲကျန်မိသားစုဝင်တွေကို နိုးခဲ့တာဖြစ်ပါတယ်။

“ ကျွန်မသူ့ကို မီးဖိုချောင်ထဲမှာ ရေသွားသောက်ဖို့ပြောပေမယ့် သူကကျွန်မနားမှာပဲ ဆက်တိုက်ရပ်နေခဲ့ပြီး ကျွန်မရဲ့အဝတ် အစားတွေကိုဆွဲနေခဲ့တယ် ကျွန်မအိပ ်ရာကထပြီးကြည့်လိုက်တဲ့အချိန်မှာတော့ အိမ်ရဲ့အလယ်ဆုတောင်းစင်ရှိတဲ့နေရာမှာ မီးလောင်နေတာကို တွေ့ခဲ့တာပါ” လို့ အမျိုးသမီးကပြောပြခဲ့ပါတယ်။

A.Vimala ရဲ့ခင်ပွန်းဖြစ်သူ N.Marimuthu ဟာ လေဖြတ်နေတာကြောင့် လမ်းလျှောက်ဖို့ ခက်ခဲသူတစ်ယော က်ဖြစ်ပြီး သားဖြစ်သူရဲ့ အကူအညီဖြင့် အိမ်ပြင်ကိုလွတ်မြောက်နိုင်ခဲ့ပါတယ်။ မိသားစုဝင် အားလုံးဟာဘေးလွတ်ရာကို ထွက် ပြေးလွတ်မြောက်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ်သာရှိခဲ့တာ ဖြစ်ပါတယ်။

ခွေးလေးရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်ကို တစ်မိသားစုလုံးက ကျေးဇူးတင်ခဲ့ကြတာဖြစ်ပြီး Anandaveli က မီးလောင်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပေမယ့် ချက်ချင်းသင့်တော်တဲ့ ကုသမှုကို ခံယူနိုင်ခဲ့ပါတယ်။

Credit

Zawgyi

ေခြးေတြဟာလူသားေတြအတြက္ တကယ့္ကိုေကာင္းမြန္တဲ့ အေဖာ္ေကာင္းေတြျဖစ္ၿပီး သူတို႔ကအိမ္ကိုေစာင့္ေရွာက္ေပးတတ္ၾကသူေတြလည္း ျဖစ္ပါတယ္။ တစ္ခါတစ္ေလမွာ ေခြးေတြက သူတို႔အရွင္သခင္ရဲ႕အသက္ကိုေတာင္ ကယ္တင္ေပးတတ္ၾကတဲ့ အျဖစ္အပ်က္ေတြမ်ားစြာလည္း ရွိလို႔ေနပါတယ္။

ဒီကေန႔မွာေတာ့ ေခြးေတြကတကယ့္ကိုသစၥာရွိၿပီး အရွင္သခင္အေပၚ ဂ႐ုစိုက္ေၾကာင္းကို သက္ေသျပေနတဲ့ အေၾကာင္းအရာေလးကို ေဝမွ်ေပးလိုက္ပါတယ္။ မေလးရွားေခြးေလးတစ္ေကာင္ဟာ သခင္မိသားစုဝင္ငါးေယာက္ရဲ႕အသက္ကို ကယ္တင္ေပးခဲ့တာျဖစ္ပါတယ္။ မိသားစုဝင္ေတြ အိပ္ေပ်ာ္ေနတဲ့အခ်ိန္မွာ ႏိုးသြား ေအာင္လုပ္ၿပီး မီးသတိေပးခဲ့တာျဖစ္ပါတယ္။

ဒီအျဖစ္အပ်က္က မနက္ငါးနာရီခန္႔မွာ ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ေခြးကေလးကလြဲၿပီး က်န္တဲ့မိသားစုဝင္အားလုံးက အိပ္ေပ်ာ္ေနၾကတဲ့အခ်ိန္ျဖစ္ပါတယ္။ မီးက႐ုတ္တရက္ စတင္ေလာင္ကြၽမ္းတယ္လုိ႔ယူဆရတဲ့အခ်ိန္မွာ ေခြးရဲ႕အနံ႔ခံႏိုင္စြမ္းက မေကာင္းတာတစ္ခုခုျဖစ္ေတာ့မယ္ဆိုတာကိုသိရွိၿပီး မိသားစုဝင္ေတြကို သတိေပးခဲ့တာျဖစ္ပါတယ္။

ေခြးေလးဟာအသက္ ၅၃ ႏွစ္အ႐ြယ္ A.Vimala က ိုႏႈိးရန္ေ႐ြးခ်ယ္ခဲ့ေပမယ့္ သူမဟာ ျပသနာကိုမျမင္ေတြ႕ တဲ့အတြက္ ဘာတုံ႔ျပန္မႈမွမလုပ္ခဲ့ပါဘူး။ အဲေနာက္မွာေခြးေလးက သူမရဲ႕မ်က္ႏွာနဲ႔နားေတြကို ကိုက္သလိုသြားလုပ္ၿပီး သူမရဲ႕ညဝတ္အက်ီ ေတၤြကို ဆြဲလွန္လိုက္ပါတယ္။

အမ်ိဳးသမီးဟာ ေခြးေလးေရဆာေနတယ္လို႔ ထင္မွတ္ခဲ့ေပမယ့္ ေခြးေလးကေတာ့ ဆက္တိုက္သူမအနားမွာရွိေနခဲ့ပါတယ္။ အဲ ေနာက္မွာေတာ့ သူမဟာ အိပ္ရာက ထလိုက္ၿပီးေနာက္မွာေတာ့ မီးေလာင္ေနတာကို ေတြ႕ျမင္ခဲ့တာျဖစ္ပါတယ္။ မီးေလာင္ေနတာကို ေတြ႕သြားတဲ့ အမ်ိဳးသမီးဟာ ခ်က္ခ်င္းပဲ က်န္မိသားစုဝင္ေတြကို ႏိုးခဲ့တာျဖစ္ပါတယ္။

“ ကြၽန္မသူ႔ကို မီးဖိုေခ်ာင္ထဲမွာ ေရသြားေသာက္ဖို႔ေျပာေပမယ့္ သူကကြၽန္မနားမွာပဲ ဆက္တိုက္ရပ္ေနခဲ့ၿပီး ကြၽန္မရဲ႕အဝတ္အစားေတြကိုဆြဲေနခဲ့တယ္ ကြၽန္မအိပ္ရာကထၿပီး ၾကည့္လိုက္တ ဲ့အခ်ိန္မွာေတာ့ အိမ္ရဲ႕အလယ္ ဆုေတာင္းစင္ ရွိတဲ့ေနရာမွာ မီးေလာင္ေနတာကို ေတြ႕ခဲ့တာပါ ” လို႔ အမ်ိဳးသမီးကေျပာျပခဲ့ပါတယ္။

A.Vimala ရဲ႕ ခင္ပြန္းျဖစ္သူ N.Marimuthu ဟာ ေလျဖတ္ေနတာေၾကာင့္ လမ္းေလွ်ာက္ဖို ႔ခက္ခဲသူ တစ္ေယာက္ျဖစ္ၿပီး သားျဖစ္သူရဲ႕အကူအညီျဖင့္ အိမ္ျပင္ကို လြတ္ေျမာက္ႏိုင္ခဲ့ပါတယ္။ မိသားစုဝင္အားလုံးဟာ ေဘးလြတ္ရာကို ထြက္ေျပးလြတ္ေျမာက္ခဲ့ၾကၿပီး ထိခိုက္ဒဏ္ရာရရွိမႈ အနည္းငယ္သာရွိခဲ့တာ ျဖစ္ပါတယ္။

ေခြးေလးရဲ႕သူရဲေကာင္းဆန္တဲ့လုပ္ရပ္ကို တစ္မိသားစုလုံးက ေက်းဇူးတင္ခဲ့ၾကတာျဖစ္ၿပီး Anandaveli က မီးေလာင္ဒဏ္ရာအနည္းငယ္ရရွိခဲ့ေပမယ့္ ခ်က္ခ်င္းသင့္ေတာ္တဲ့ ကုသမႈကို ခံယူႏိုင္ခဲ့ပါတယ္။

Credit

Be the first to comment on "မီးလောင်နေတာကို သတိပေးဖို့ ကြိုးစားခဲ့ပြီး သခင်နှင့်မိသားစုရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တဲ့ ခွေးကလေး"

Leave a comment

Your email address will not be published.


*