ပါးဖောင်းဖောင်းဖြင့် ချစ်စရာ ကောင်းသည့် ကောင်မလေး ဖြစ်ချင်လို့ ဘာဂျာကို ပါးစပ်ထဲထည့်ပြီး လေ့ကျင့်ခန်း လုပ်ခဲ့ရာ ပြန်ထုတ်မရသဖြင့် ဒုက္ခ ရောက်နေသည့် ကျောင်းသူလေး

Unicode

ပါးဖောင်းဖောင်းဖြင့် ချစ်စရာ ကောင်းသည့် ကောင်မလေး ဖြစ်ချင်လို့ ဘာဂျာကို ပါးစပ်ထဲထည့်ပြီး လေ့ကျင့်ခန်း လုပ်ခဲ့ရာ ပြန်ထုတ်မရသဖြင့် ဒုက္ခ ရောက်နေသည့် ကျောင်းသူလေး

အထက်တန်း ကျောင်းသား ကျောင်းသူတို့ အရွယ် ဆိုသည်မှာ အရာရာကို စူးစမ်း လေ့လာချင်သော စိတ်ဆန္ဒများ ပြင်းပြနေသည့် အချိန် တစ်ခုလည်း ဖြစ်ပါတယ်။ ယခုတွင်လည်း တူရကီ နိုင်ငံမှ အထက်တန်း ကျောင်းသူလေး တစ်ဦးဟာ ပါးဖောင်းဖောင်းဖြင့် ချစ်စရာ ကောင်းသည့် မျက်နှာလေး ရရှိအောင် လေ့ကျင့်ခန်း တစ်ခုကို လုပ်ခဲ့ပါတယ်။

သူမဟာ လေမှုတ်တူရိယာ တစ်ခု ဖြစ်သည့် ဟာမိုနီ ဆိုသည့် ပစ္စည်း မြန်မာအခေါ်ဘာဂျာ တူရိယာလေးကို ပါးစပ်ထဲတွင် ကန့်လန့်ထဲ့ပြီး လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသူမလေး၏ ထူးဆန်းသည့် လေ့ကျင့်မှုကြောင့် လေမှုတ်တူရိယာဟာ ပါးစပ်ထဲမှ ထုတ်မရဘဲ ခံနေခဲ့သောကြောင့် အတော်လေး ဒုက္ခ ရောက်နေခဲ့တာ ဖြစ်ပါတယ်။

ကောင်မလေး၏ အဖြစ်အပျက်လေးဟာ လိုင်းပေါ်တွင် မြန်ဆန်စွာ ပျံနှံလာခဲ့ပြီး လူအများကို ရယ်မောစေခဲ့တာ ဖြစ်ပါတယ်။

Zawgyi





Be the first to comment on "ပါးဖောင်းဖောင်းဖြင့် ချစ်စရာ ကောင်းသည့် ကောင်မလေး ဖြစ်ချင်လို့ ဘာဂျာကို ပါးစပ်ထဲထည့်ပြီး လေ့ကျင့်ခန်း လုပ်ခဲ့ရာ ပြန်ထုတ်မရသဖြင့် ဒုက္ခ ရောက်နေသည့် ကျောင်းသူလေး"

Leave a comment

Your email address will not be published.


*