ဗိုက်ဆာနေမှာ စိုးရိမ်သောကြောင့် ဂိမ်းဆိုင်အထိ လိုက်သွားပြီး ထမင်း ခွန့်ကျွေးခဲ့သည့် မိခင်တစ်ဦး

Unicode

ဗိုက်ဆာနေမှာ စိုးရိမ်သောကြောင့် ဂိမ်းဆိုင်အထိ လိုက်သွားပြီး ထမင်း ခွန့်ကျွေးခဲ့သည့် မိခင်တစ်ဦး

မိဘတိုင်းကတော့ ဝမ်းနှင့်လွယ်၍ မွေးဖွားထားသော သားသမီးတိုင်းကို အချစ်ပိုပြီး ဂရုစိုက် စောင့်ရှောက် ပေးတတ်ကြပါတယ်။ အချစ်ပိုပြီး လွန်ကျူး သွားခဲ့လျှင် သားသမီးတို့က လမ်းမှားကို ရောက်သွားတတ်တာ သတိ ထားရမှာ ဖြစ်ပါတယ်။

ယခုတွင်လည်း ဖိလစ်ပိုင် နိုင်ငံမှ အသက် ၃၇နှစ် အရွယ် Lilybeth Marvel Garcia ဆိုသည့် မိခင်၏ သားအပေါ်တွင် ထားရှိသော မေတ္တာကတော့ အတော်လေးကို ကြီးမားလှတာ ဖြစ်ပါတယ်။ အမျိုးသမီး၏ အသက် ၁၃နှစ် အရွယ် သားဖြစ်သူဟာ နေအိမ် အနီးတွင် ရှိသော ဂိမ်းဆိုင် တစ်ခုတွင် ဂိမ်းသွားဆော့နေခဲ့ပြီး ထမင်း ပြန်လာစားခြင်း မရှိခဲ့ပါဘူး။

ထို့ကြောင့် အမျိုးသမီးဟာ သားလေးဖြစ်သူ ဗိုက်ဆာ နေမည်ကို စိုးရိမ်သဖြင့် ထမင်း ခူးယူ သွားခဲ့ပြီး သားလေး ဂိမ်းဆော့ နေတာကို ဘေးကနေ ထမင်း ခွန့်ကျွေး နေခဲ့တာ ဖြစ်ပါတယ်။

Zawgyi





Be the first to comment on "ဗိုက်ဆာနေမှာ စိုးရိမ်သောကြောင့် ဂိမ်းဆိုင်အထိ လိုက်သွားပြီး ထမင်း ခွန့်ကျွေးခဲ့သည့် မိခင်တစ်ဦး"

Leave a comment

Your email address will not be published.


*