အပေါ်ပိုင်းဗလာကျင်း အမျိုးသမီးများ၏ လုပ်ငန်းခွင်

Unicode

အင်းဝ တစ်ဖက်ကမ်းမှ အပေါ်ပိုင်းဗလာကျင်း အမျိုးသမီးများ၏ လုပ်ငန်းခွင်

မြန်မာနိုင်ငံ အထက်ပိုင်း ရှေးမြန်မာ မင်းဆက်များ၏ မင်းနေပြည်တော် အင်းဝမြို့ဟောင်း တစ်ဖက်ကမ်း ဧရာဝတီ မြစ်ကမ်းဘေးတွင် အမျိုးသမီးများ အထက်ပိုင်း ဗလာကျင်းဖြင့် လုပ်ကိုင်ကြသည့် လုပ်ငန်းခွင် တစ်ခု ရှိနေသည်။

ထိုရွာမှ ဧရာဝတီမြစ်ကို ဖြတ်ကျော်၍ လှမ်းကြည့်လိုက်သော် နိုင်ငံခြားသားများ လာရောက် လေ့လာရာ အင်းဝဘက်ကမ်းမှ ဘကြီးတော်မင်း၏ မိဖုရားခေါင်ကြီး မယ်နုအုတ်ကျောင်းကို ခပ်ပျပျ မြင်ရသည်။

အိမ်ခြေ ၄၀၀ ခန့်ရှိသော ဒေါင်းမကျေးရွာသည် နှစ်ပေါင်းများစွာ မြန်မာထုံးစံဖြင့် ရွှေပွားစက္ကူခတ် လုပ်ငန်း လုပ်ကိုင်နေသော ရွာဖြစ်ပြီး ထိုရွာအနီးသို့ ရောက်သွားပါက အက်ကွဲနေသည့် လင်ကွင်းချမ်းကို စည်းချက်ညီညီ ခပ်သွက်သွက် ရိုက်ခတ် လိုက်သောအခါ ထွက်ပေါ်လာသော အသံကဲ့သို့ “တုတ် . . . ချန့်၊ တုတ် . . . ချန့်၊ တုတ် . . . ချန့်”ဟု အသံကို ကြားရမည် ဖြစ်သည်။

ယင်းအသံများသည် အချို့သော နေအိမ် ခြံဝင်းများ အတွင်း မြေကျင်း တူး၍ ဆောက်လုပ်ထားသော မြေတိုက်ခန်း အတွင်းမှ အဆက်မပြတ် ထွက်ပေါ်လာနေခြင်း ဖြစ်သည်။

ဝါးစက္ကူရိုက်သည့် မြေတိုက်ခန်းများကို အပြင်မှ လှမ်းကြည့်လိုက်ပါက သုံးပေခန့် အကျယ်ရှိသော အဝင်တံခါးပေါက်၌ မြေတိုက်ခန်း အတွင်းသို့ မမြင်နိုင်စေရန် အဝတ်စ သို့မဟုတ် ဝါညစ်ညစ် အရောင် ရှိသော ပလတ်စတစ် အထူစများဖြင့် ကာရံထားသည်ကို တွေ့ရသည်။

မြေတိုက်ခန်းသည် အနက် ခုနစ်ပေဝန်းကျင်ခန့် ရှိပြီး အလျား ၁၀ ပေခန့်၊ အနံ ၆ ပေခန့် ရှိမည် ထင်ရသော ထောင့်မှန်စတုဂံပုံသဏ္ဌန် ဖွဲ့စည်းထားသည်။

ထိုမြေတိုက်ခန်း အတွင်းသို့ အုတ်လှေကား သို့မဟုတ် မြေသားဖြင့်ပင် လှေကားပုံစံ ဖော်ထားသည့် နေရာမှ ဆင်း၍ သွားရသည်။

ထိုမြေတိုက်ခန်း အတွင်းသို့ အခွင့်မရှိပါက အမျိုးသားများ ဝင်ရောက်ခွင့် မရှိပေ။

မြေတိုက်ခန်းများ အတွင်း၌ ဒေသခံ အမျိုးသမီးငယ် များသည် မြန်မာ့ရိုးရာ ရွှေပွားစက္ကူတစ်ရွက် ရရန် နောက်ဆုံး အဆင့်ဖြစ်သော ဝါးစက္ကူအစို ဒါမှမဟုတ် အခြောက်ကို ကြေးဝါတုံးပေါ် တင်၍ နေသောကြောင့် “တုတ် . . . ချန့်၊ တုတ် . . . ချန့်၊ တုတ် . . . ချန့်ဟူသော” အသံများ ထွက်ပေါ်လာရခြင်း ဖြစ်ကြောင်း ဒေါင်းမကျေးရွာရှိ ဝင်းဝင်းနု ရွှေပွား (ဝါးစက္ကူ) လုပ်ငန်းပိုင်ရှင် ဒေါ်ဝင်းဝင်းနုက ပြောပြသည်။

ဝါးစက္ကူ ရိုက်နေသော အမျိုးသမီးငယ် (အလုပ်သမ) များသည် မြေတိုက်ခန်း၏အပူရှိန်နှင့် ခန္ဓာကိုယ်မှ ထွက်သော အပူငွေ့တို့ ပေါင်းစပ်၍ ဖြစ်ပေါ်လာသည့် ပူအိုက်မှုဒဏ်ကို သက်သာစေရန် ကိုယ်ခန္ဓာ အပေါ်ပိုင်းရှိ အဝတ်အစားများကို ချွတ်၍ လုပ်ကိုင် နေကြသောကြောင့် အမျိုးသားများ ဝင်ရောက်ခွင့် မရှိခြင်း ဖြစ်ကြောင်းလည်း ရှင်းပြသည်။

“လုံးဝ ဝင်လို့မရတာတော့ မဟုတ်ပါဘူး။ ဧည့်သည်က လာလေ့လာချင်လို့ ဟေ့ . . . လို့ အပြင်ကနေ အော်လိုက်ရင် အထဲမှာ အလုပ်လုပ်နေတဲ့ မိန်းကလေးတွေက အဝတ်အစား ပြန်ပြင်ဆင် ဝတ်ရတာပေါ့” ဟု ဒေါ်ဝင်းဝင်းနုက ရယ်သံသဲ့သဲ့ဖြင့် ဆိုသည်။

အိမ်ခြေ ၃၈၀ ရှိသော ဒေါင်းမကျေးရွာတွင် ရွှေပွားစက္ကူ လုပ်ငန်းကို အစအဆုံး လုပ်ကိုင်ကြသည့် လုပ်ငန်းရှင် ခြောက်ဦးရှိပြီး မြေတိုက်ခန်း အရေအတွက် ၂၀ ခန့်တွင် ဒေသခံ အမျိုးသမီးငယ် တစ်ရာခန့် လုပ်ကိုင်နေကြောင်း ပြောပြသည်။

ဒေါ်ဝင်းဝင်းနု၏ ခွင့်ပြုချက်ဖြင့် သူပိုင်ဆိုင်သည့် ဝင်းသိင်္ဂီ မြေတိုက်ခန်းအဆင်း အုတ်လှေကားများကို ကျော်ဖြတ်ကာ အဝင်တံခါးဝတွင် ကာရံထားသည့် ပလတ်စတစ် အစများကို ဖယ်ရှား၍ အတွင်းပိုင်းသို့ ကြည့်လိုက်သောအခါ အလျား ၁၀ ပေခန့်၊ အနံ ၆ ပေခန့်နှင့် အမြင့် ၆ ပေကျော်ရှိမည် ထင်ရသော ထောင့်မှန်စတုဂံပုံသဏ္ဌန် အခန်းဖွဲ့စည်းမှုနှင့် စက္ကူရိုက်နေသည့် အမျိုးသမီးငယ်အချို့ကို မြင်တွေ့လိုက်ရသည်။

စက္ကူရိုက်လုပ်ငန်းခွင်ကို ဝင်ရောက် လေ့လာ လိုသောကြောင့် ခြေလှမ်းများကို ရှေ့သို့တိုး၍ မြေတိုက်ခန်း အတွင်းသို့ လှမ်းဝင်လိုက်ပါက အပြင်မှာ ရှိသည့် အပူချိန်ထက် သာလွန်သော အခန်းအပူရှိန် ခပ်ငွေ့ငွေ့၏ ဆီးကြိုခြင်းကို ခံလိုက်ရသည်။

ဧရာဝတီမြစ်နှင့်နီးသော်လည်း အညာဒေသ ဖြစ်သောကြောင့် အပူရှိန် မြင့်မားသောနေရာ ဒေသဖြစ်သည်။ နွေကာလများတွင် မြေတိုက်ခန်း အပူချိန်မှ ၄၀ ဒီဂရီစင်တီဂရိတ် အထက်တွင် ရှိနေနိုင်သည်။

ထိုအပူချိန်အောက်တွင် အမျိုးသမီးငယ်များသည် ဘယ်ညာလက်အစုံတွင် အဝနှစ်လက်မခန့်နှင့် အရှည်တစ်ထောင်ကျော်ရှိ ဒန်း (ရေငတ်သား) တို့ဖြင့် ကြေးဝါတုံး မျက်နှာပြင်ပေါ်တွင် တင်ထားသော ဝါညိုရောင် အဆင်းရှိ လေးလက်မပတ်လည် ဝါးစက္ကူကို အချိန်အဆ မှန်စွာဖြင့် ကြက်ခြေခတ်ပုံစံ ခပ်သွက်သွက် ထုရိုက်လျက် ရှိသည်။

“မိန်းမပျိုလေးတွေ ကိုယ့်ရပ်ကိုယ့်ရွာမှာ အိုးမကွာ အိမ်မကွာ လုပ်လို့ရတဲ့ ရိုးရာ လက်မှုလုပ်ငန်း တစ်ခုပေါ့”ဟု ကျေးရွာဥက္ကဋ္ဌ ဦးညွန့်ဝေက သူ၏ အမြင်ကို ဖွင့်ဆိုသည်။

အမျိုးသမီးငယ် ၁၀ ဦးအထိ လုပ်ငန်းခွင်ဝင်ကာ လုပ်ကိုင်နိုင်သည့် အကျယ်အဝန်းရှိသော မြေတိုက်ခန်း အတွင်း လှောင်ပိတ်လျက်ရှိသော အပူငွေ့ကြောင့် စက္ကူရိုက်နေသည့် အမျိုးသမီးငယ်လေးများ၏ မျက်နှာပြင်ပေါ်တွင် ချွေးစက်ချွေးပေါက်များ တစ်လိမ့်ချင်း စီးကျနေသည်ကို တွေ့ရသည်။

ဧည့်သည်အချို့ ဝင်ရောက်လေ့လာမည်ကို ကြိုသိထားသောကြောင့် မကြာခင်ကပင် ပြန်လည် ဝတ်ထားသော အင်္ကျီများမှာလည်း ချွေးစက်များကြောင့် မိုးရေ ထိထားသည့်နှယ် နေရာအချို့တွင် စိုစွတ်လျက်ပင် ရှိနေသည်။

အမျိုးသမီး အများစု ရှိနေသော မြေတိုက်ခန်း အတွင်းသို့ ဒေသခံ အမျိုးသားများ ဝင်ရောက်ခြင်း မရှိသလို ဧည့်သည်များ အနေနှင့် ဝင်ရောက် လေ့လာလိုပါက ပိုင်ရှင်ထံတွင် ခွင့်တောင်းရကြောင်း ယင်းနေရာသို့ လိုက်လံ ပြသပေးသည့် ဒေသခံ မိန်းမပျို တစ်ဦးက ပြောပြသည်။

စက္ကူရိုက် အမျိုးသမီးငယ်လေးများ လုပ်ငန်းခွင် အတွင်း အပူဒဏ်ကို အန်တု လုပ်ကိုင်နေကြရသည့် ပကတိ အနေအထားကို ကျေးတောသူပီပီ စကားကို သွယ်ဝိုက်မနေဘဲ ရိုးရှင်းစွာ ဆက်ပြောလိုက်သည်က “နေကလည်းပူ၊ လူကလည်းများရင် အထဲမှာ တအားပူတယ်။ မိန်းမချင်း ဆိုတော့လည်း မရှက်တော့ဘူး။ အပေါ်က အဝတ်အစားတွေ ချွတ်ရိုက်ရတာ”ဟူ၍ပင်။

အဆင့်ဆင့် လုပ်ဆောင်ခဲ့သော ဝါးစက္ကူများအား မြေတိုက်ခန်းက ထွက်သော အပူဓာတ်နှင့် ခန္ဓာကိုယ်မှ ထွက်သော ကိုယ်အပူချိန်တို့ဖြင့် ပေါင်းခံ၍ ဒန်းသားဖြင့် စနစ်တကျ ထုရိုက်မှသာ ရွှေဆိုင်းခတ်သည့်အခါ အသုံးပြုနိုင်သည့် ရွှေပွားစက္ကူများ ရသည်ဟု ရွှေပွားစက္ကူ ပညာရပ်ကို လေ့လာနေသည့် မန္တလေး ဒေသခံတစ်ဦးက ဆိုသည်။

ဘုရား၊ စေတီပုထိုးများတွင် ကပ်လှူသော ရွှေဆိုင်းများ ရရှိလာစေရန် ရွှေခတ် (ထုရိုက်) သောအခါ ရွှေပွားစက္ကူကို မဖြစ်မနေ ထည့်သွင်း အသုံးပြုရသည်။

ရွှေခတ်ရာတွင် ကိုးပေါင်တူဖြင့် ထုနှက်မှုဒဏ်ကို ခံနိုင်သော မြန်မာ့ရိုးရာ ရွှေပွားစက္ကူများသည် မြန်မာနိုင်ငံတွင် ဒေါင်းမကျေးရွာ တစ်ရွာတည်းကသာ ထွက်ရှိကြောင်း မန္တလေးမြို့မျက်ပါးရပ်ရှိ ရွှေခတ် ဆရာများထံမှ သိရသည်။

ရွှေခတ်ရာတွင်အသုံးပြုသော အကြမ်းခံ ကောင်းမွန်သော ရွှေပွားစက္ကူ (ခေါ်) ဝါးစက္ကူ တစ်ရွက် ရရှိရန် အဆင့်ဆင့် လုပ်ဆောင်ရသည့် အချိန် ကာလသည် သုံးနှစ်ကျော် ကြာမြင့်သည်ဟု ဆိုသည်။

ရွှေပွားစက္ကူ ရရှိလာစေရန် ပထမအဆင့် အနေနှင့် ထွန်ဆံဝါးကို စဉ့်အိုးများတွင် ပေါင်းထားရပြီး ပေါင်းခံထားသောဝါးကို ကြိတ်ခါ ရရှိလာသော ကြိတ်ဖတ်များအား နယ်ခြင်း၊ အခြောက်လှန်းခြင်း၊ မြေတိုက်ခန်းတွင် စက္ကူအစို ရိုက်ခြင်းနှင့် စက္ကူအခြောက် ရိုက်ခြင်း အစရှိသော လုပ်ငန်းများကို အဆင့်ဆင့် လုပ်ဆောင်ရခြင်း ဖြစ်သည်။

ရွှေပွား စက္ကူများသည် အသန့်အရှင်း အလွန် ကြိုက်သော စက္ကူလေးများလည်း ဖြစ်သည်။

မြေတိုက်ခန်း အတွင်းသို့ ဝင်၍ စက္ကူရိုက်မည့် အမျိုးသမီးငယ်များသည် ကိုယ်လက်သန့်စင်ပြီးမှသာ မြေတိုက်ခန်းသို့ ဝင်ရောက်လုပ်ကိုင်ရသည်ဟု ဒေါ်ဝင်းဝင်းနုက ပြောပြသည်။

ခန္ဓာကိုယ်၌ ကပ်ငြိပါလာနိုင်သော ဖုန်၊ သဲများနှင့် အလုပ်လုပ်နေရင်း ကျွတ်ကျ ဆံပင်ခြည် တစ်မျှင်မျှပင် ဖြစ်စေ ရွှေပွားစက္ကူ၌ ကပ်ငြိပါသွားလျှင် ရွှေခတ်ရာတွင် အဆင်မပြေ ဖြစ်ကာ ရွှေလွှာများ ပျက်စီးတတ်သောကြောင့် ဂရုတစိုက် ရွေးချယ်၍ ရွှေဆိုင်းပိုင်ရှင်များထံ ရောင်းချပေးရကြောင်းလည်း သူက ပြောဆိုသည်။

ဝါးစက္ကူများကို မြေတိုက်ခန်းမှနေ၍ အပြင်သို့ သယ်ယူသည့်အခါ ပိတ်သား အဝတ်စဖြင့် စနစ်တကျ ထုပ်ပိုးခြင်းမရှိဘဲ စက္ကူချည်း အလွတ်သာ ယူဆောင်ခဲ့လျှင် ပြင်ပနေဒဏ်၊ လေဒဏ်တို့ကြောင့် ဝါးစက္ကူရွက်များမှာကျုံ့၍ သေးငယ် သွားတတ်ကြောင်းလည်း ဒေါ်ဝင်းဝင်းနုက ထပ်မံ ရှင်းပြသည်။

ရွှေပွားစက္ကူလုပ်ငန်းကို ဒေါင်းမကျေးရွာတွင် လုပ်ကိုင်လာသည်မှာ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း ဒေသခံများ အဆိုအရ သိရသည်။

စက္ကူရိုက်လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်သူ အများစုမှာ ကျေးရွာအတွင်းရှိ မိန်းမပျိုများသာ ဖြစ်ပြီး အိမ်ထောင်ရှင်များ ဝင်ရောက် လုပ်ကိုင်သူ နည်းကြောင်း ဒေါင်းမကျေးရွာ ဒေသခံ တစ်ဦးဖြစ်သူ မဝင်းဝင်းမြင့်က ၂ နှစ်သားအရွယ် သမီးငယ် ပွေ့ချီရင်း အခုလို ရှင်းပြခဲ့သေးသည်။

“ဒီလုပ်ငန်းက တစ်နေကုန် အချိန်ပေး လုပ်ရတာ။ အိမ်ကိစ္စတစ်ဖက်၊ ကလေးတစ်ဖက်နဲ့ဆို အဆင်မပြေဘူး။ ကလေးကို အထဲ ခေါ်သွားဖို့ကလည်း အဆင်မပြေဘူးလေ။ ကလေးက တစ်ဖက်နဲ့ဆိုတော့ မဝင်ဖြစ်တော့ဘူး”ဟူ၍ပင်။

ရွှေပွားစက္ကူအစို၊ အခြောက်တစ်ရွက်ရိုက်ခမှာ ၁၂၀ ကျပ်ရရှိပြီး တစ်နေကုန် အလုပ်ဝင်လျှင် ရွက်ရေ ၇၀ ခန့် ပြီးစီးသောကြောင့် တစ်ရက်လျှင် ကျပ် ၈၀၀၀ ခန့် ဝင်ငွေ ရရှိကြောင်း စက္ကူရိုက် လုပ်ငန်းတွင် ပါဝင် လုပ်ကိုင်နေသူ မချစ်စုဝင်းက ပြောပြသည်။

“တစ်နေကုန်ထိုင်ပြီး ရိုက်နေရတော့ လက်တွေလည်း တအားနာတယ်။ တော်တော်ကို ပင်ပန်းတယ်”ဟု စက္ကူရိုက်ရသည့် အတွေ့အကြုံကို သူက မျှဝေသည်။

အမျိုးသားတစ်ဦးတစ်ယောက်သည် မသိ၍ဘဲဖြစ်ဖြစ် သိရက်နဲ့ဖြစ်ဖြစ် မြေတိုက်ခန်းထဲသို့ ရုတ်တရက် ဝင်လာခဲ့လျှင်ဆိုသည့် မေးခွန်းကို မေးမြန်းခဲ့သောအခါ “တစ်ခါမှလည်း ရွာမှာ အဲလိုဖြစ်တာမကြားမိဘူး။ အဲဒီတော့ ဒီထဲဝင်လာခဲ့ရင် ဘာတွေ ဖြစ်သွားမလဲ ဆိုတာ မပြောတတ်ဘူး”ဟု ပြောသည်။

Crd The Voice Myanmar

Zawgyi

အင္းဝ တစ္ဖက္ကမ္းမွ အေပၚပိုင္းဗလာက်င္း အမ်ိဳးသမီးမ်ား၏ လုပ္ငန္းခြင္

ျမန္မာႏိုင္ငံ အထက္ပိုင္း ေရွးျမန္မာ မင္းဆက္မ်ား၏ မင္းေနျပည္ေတာ္ အင္းဝၿမိဳ႕ေဟာင္း တစ္ဖက္ကမ္း ဧရာဝတီ ျမစ္ကမ္းေဘးတြင္ အမ်ိဳးသမီးမ်ား အထက္ပိုင္း ဗလာက်င္းျဖင့္ လုပ္ကိုင္ၾကသည့္ လုပ္ငန္းခြင္ တစ္ခု ရွိေနသည္။

ထို႐ြာမွ ဧရာဝတီျမစ္ကို ျဖတ္ေက်ာ္၍ လွမ္းၾကည့္လိုက္ေသာ္ ႏိုင္ငံျခားသားမ်ား လာေရာက္ ေလ့လာရာ အင္းဝဘက္ကမ္းမွ ဘႀကီးေတာ္မင္း၏ မိဖုရားေခါင္ႀကီး မယ္ႏုအုတ္ေက်ာင္းကို ခပ္ပ်ပ် ျမင္ရသည္။

အိမ္ေျခ ၄၀၀ ခန႔္ရွိေသာ ေဒါင္းမေက်း႐ြာသည္ ႏွစ္ေပါင္းမ်ားစြာ ျမန္မာထုံးစံျဖင့္ ေ႐ႊပြားစကၠဴခတ္ လုပ္ငန္း လုပ္ကိုင္ေနေသာ ႐ြာျဖစ္ၿပီး ထို႐ြာအနီးသို႔ ေရာက္သြားပါက အက္ကြဲေနသည့္ လင္ကြင္းခ်မ္းကို စည္းခ်က္ညီညီ ခပ္သြက္သြက္ ႐ိုက္ခတ္ လိုက္ေသာအခါ ထြက္ေပၚလာေသာ အသံကဲ့သို႔ “တုတ္ . . . ခ်န႔္၊ တုတ္ . . . ခ်န႔္၊ တုတ္ . . . ခ်န႔္”ဟု အသံကို ၾကားရမည္ ျဖစ္သည္။

ယင္းအသံမ်ားသည္ အခ်ိဳ႕ေသာ ေနအိမ္ ၿခံဝင္းမ်ား အတြင္း ေျမက်င္း တူး၍ ေဆာက္လုပ္ထားေသာ ေျမတိုက္ခန္း အတြင္းမွ အဆက္မျပတ္ ထြက္ေပၚလာေနျခင္း ျဖစ္သည္။

ဝါးစကၠဴ႐ိုက္သည့္ ေျမတိုက္ခန္းမ်ားကို အျပင္မွ လွမ္းၾကည့္လိုက္ပါက သုံးေပခန႔္ အက်ယ္ရွိေသာ အဝင္တံခါးေပါက္၌ ေျမတိုက္ခန္း အတြင္းသို႔ မျမင္ႏိုင္ေစရန္ အဝတ္စ သို႔မဟုတ္ ဝါညစ္ညစ္ အေရာင္ ရွိေသာ ပလတ္စတစ္ အထူစမ်ားျဖင့္ ကာရံထားသည္ကို ေတြ႕ရသည္။

ေျမတိုက္ခန္းသည္ အနက္ ခုနစ္ေပဝန္းက်င္ခန႔္ ရွိၿပီး အလ်ား ၁၀ ေပခန႔္၊ အနံ ၆ ေပခန႔္ ရွိမည္ ထင္ရေသာ ေထာင့္မွန္စတုဂံပုံသဏၭန္ ဖြဲ႕စည္းထားသည္။

ထိုေျမတိုက္ခန္း အတြင္းသို႔ အုတ္ေလွကား သို႔မဟုတ္ ေျမသားျဖင့္ပင္ ေလွကားပုံစံ ေဖာ္ထားသည့္ ေနရာမွ ဆင္း၍ သြားရသည္။

ထိုေျမတိုက္ခန္း အတြင္းသို႔ အခြင့္မရွိပါက အမ်ိဳးသားမ်ား ဝင္ေရာက္ခြင့္ မရွိေပ။

ေျမတိုက္ခန္းမ်ား အတြင္း၌ ေဒသခံ အမ်ိဳးသမီးငယ္ မ်ားသည္ ျမန္မာ့႐ိုးရာ ေ႐ႊပြားစကၠဴတစ္႐ြက္ ရရန္ ေနာက္ဆုံး အဆင့္ျဖစ္ေသာ ဝါးစကၠဴအစို ဒါမွမဟုတ္ အေျခာက္ကို ေၾကးဝါတုံးေပၚ တင္၍ ေနေသာေၾကာင့္ “တုတ္ . . . ခ်န႔္၊ တုတ္ . . . ခ်န႔္၊ တုတ္ . . . ခ်န႔္ဟူေသာ” အသံမ်ား ထြက္ေပၚလာရျခင္း ျဖစ္ေၾကာင္း ေဒါင္းမေက်း႐ြာရွိ ဝင္းဝင္းႏု ေ႐ႊပြား (ဝါးစကၠဴ) လုပ္ငန္းပိုင္ရွင္ ေဒၚဝင္းဝင္းႏုက ေျပာျပသည္။

ဝါးစကၠဴ ႐ိုက္ေနေသာ အမ်ိဳးသမီးငယ္ (အလုပ္သမ) မ်ားသည္ ေျမတိုက္ခန္း၏အပူရွိန္ႏွင့္ ခႏၶာကိုယ္မွ ထြက္ေသာ အပူေငြ႕တို႔ ေပါင္းစပ္၍ ျဖစ္ေပၚလာသည့္ ပူအိုက္မႈဒဏ္ကို သက္သာေစရန္ ကိုယ္ခႏၶာ အေပၚပိုင္းရွိ အဝတ္အစားမ်ားကို ခြၽတ္၍ လုပ္ကိုင္ ေနၾကေသာေၾကာင့္ အမ်ိဳးသားမ်ား ဝင္ေရာက္ခြင့္ မရွိျခင္း ျဖစ္ေၾကာင္းလည္း ရွင္းျပသည္။

“လုံးဝ ဝင္လို႔မရတာေတာ့ မဟုတ္ပါဘူး။ ဧည့္သည္က လာေလ့လာခ်င္လို႔ ေဟ့ . . . လို႔ အျပင္ကေန ေအာ္လိုက္ရင္ အထဲမွာ အလုပ္လုပ္ေနတဲ့ မိန္းကေလးေတြက အဝတ္အစား ျပန္ျပင္ဆင္ ဝတ္ရတာေပါ့” ဟု ေဒၚဝင္းဝင္းႏုက ရယ္သံသဲ့သဲ့ျဖင့္ ဆိုသည္။

အိမ္ေျခ ၃၈၀ ရွိေသာ ေဒါင္းမေက်း႐ြာတြင္ ေ႐ႊပြားစကၠဴ လုပ္ငန္းကို အစအဆုံး လုပ္ကိုင္ၾကသည့္ လုပ္ငန္းရွင္ ေျခာက္ဦးရွိၿပီး ေျမတိုက္ခန္း အေရအတြက္ ၂၀ ခန႔္တြင္ ေဒသခံ အမ်ိဳးသမီးငယ္ တစ္ရာခန႔္ လုပ္ကိုင္ေနေၾကာင္း ေျပာျပသည္။

ေဒၚဝင္းဝင္းႏု၏ ခြင့္ျပဳခ်က္ျဖင့္ သူပိုင္ဆိုင္သည့္ ဝင္းသိဂႌ ေျမတိုက္ခန္းအဆင္း အုတ္ေလွကားမ်ားကို ေက်ာ္ျဖတ္ကာ အဝင္တံခါးဝတြင္ ကာရံထားသည့္ ပလတ္စတစ္ အစမ်ားကို ဖယ္ရွား၍ အတြင္းပိုင္းသို႔ ၾကည့္လိုက္ေသာအခါ အလ်ား ၁၀ ေပခန႔္၊ အနံ ၆ ေပခန႔္ႏွင့္ အျမင့္ ၆ ေပေက်ာ္ရွိမည္ ထင္ရေသာ ေထာင့္မွန္စတုဂံပုံသဏၭန္ အခန္းဖြဲ႕စည္းမႈႏွင့္ စကၠဴ႐ိုက္ေနသည့္ အမ်ိဳးသမီးငယ္အခ်ိဳ႕ကို ျမင္ေတြ႕လိုက္ရသည္။

စကၠဴ႐ိုက္လုပ္ငန္းခြင္ကို ဝင္ေရာက္ ေလ့လာ လိုေသာေၾကာင့္ ေျခလွမ္းမ်ားကို ေရွ႕သို႔တိုး၍ ေျမတိုက္ခန္း အတြင္းသို႔ လွမ္းဝင္လိုက္ပါက အျပင္မွာ ရွိသည့္ အပူခ်ိန္ထက္ သာလြန္ေသာ အခန္းအပူရွိန္ ခပ္ေငြ႕ေငြ႕၏ ဆီးႀကိဳျခင္းကို ခံလိုက္ရသည္။

ဧရာဝတီျမစ္ႏွင့္နီးေသာ္လည္း အညာေဒသ ျဖစ္ေသာေၾကာင့္ အပူရွိန္ ျမင့္မားေသာေနရာ ေဒသျဖစ္သည္။ ေႏြကာလမ်ားတြင္ ေျမတိုက္ခန္း အပူခ်ိန္မွ ၄၀ ဒီဂရီစင္တီဂရိတ္ အထက္တြင္ ရွိေနႏိုင္သည္။

ထိုအပူခ်ိန္ေအာက္တြင္ အမ်ိဳးသမီးငယ္မ်ားသည္ ဘယ္ညာလက္အစုံတြင္ အဝႏွစ္လက္မခန႔္ႏွင့္ အရွည္တစ္ေထာင္ေက်ာ္ရွိ ဒန္း (ေရငတ္သား) တို႔ျဖင့္ ေၾကးဝါတုံး မ်က္ႏွာျပင္ေပၚတြင္ တင္ထားေသာ ဝါညိဳေရာင္ အဆင္းရွိ ေလးလက္မပတ္လည္ ဝါးစကၠဴကို အခ်ိန္အဆ မွန္စြာျဖင့္ ၾကက္ေျခခတ္ပုံစံ ခပ္သြက္သြက္ ထု႐ိုက္လ်က္ ရွိသည္။

“မိန္းမပ်ိဳေလးေတြ ကိုယ့္ရပ္ကိုယ့္႐ြာမွာ အိုးမကြာ အိမ္မကြာ လုပ္လို႔ရတဲ့ ႐ိုးရာ လက္မႈလုပ္ငန္း တစ္ခုေပါ့”ဟု ေက်း႐ြာဥကၠ႒ ဦးၫြန႔္ေဝက သူ၏ အျမင္ကို ဖြင့္ဆိုသည္။

အမ်ိဳးသမီးငယ္ ၁၀ ဦးအထိ လုပ္ငန္းခြင္ဝင္ကာ လုပ္ကိုင္ႏိုင္သည့္ အက်ယ္အဝန္းရွိေသာ ေျမတိုက္ခန္း အတြင္း ေလွာင္ပိတ္လ်က္ရွိေသာ အပူေငြ႕ေၾကာင့္ စကၠဴ႐ိုက္ေနသည့္ အမ်ိဳးသမီးငယ္ေလးမ်ား၏ မ်က္ႏွာျပင္ေပၚတြင္ ေခြၽးစက္ေခြၽးေပါက္မ်ား တစ္လိမ့္ခ်င္း စီးက်ေနသည္ကို ေတြ႕ရသည္။

ဧည့္သည္အခ်ိဳ႕ ဝင္ေရာက္ေလ့လာမည္ကို ႀကိဳသိထားေသာေၾကာင့္ မၾကာခင္ကပင္ ျပန္လည္ ဝတ္ထားေသာ အက်ႌမ်ားမွာလည္း ေခြၽးစက္မ်ားေၾကာင့္ မိုးေရ ထိထားသည့္ႏွယ္ ေနရာအခ်ိဳ႕တြင္ စိုစြတ္လ်က္ပင္ ရွိေနသည္။

အမ်ိဳးသမီး အမ်ားစု ရွိေနေသာ ေျမတိုက္ခန္း အတြင္းသို႔ ေဒသခံ အမ်ိဳးသားမ်ား ဝင္ေရာက္ျခင္း မရွိသလို ဧည့္သည္မ်ား အေနႏွင့္ ဝင္ေရာက္ ေလ့လာလိုပါက ပိုင္ရွင္ထံတြင္ ခြင့္ေတာင္းရေၾကာင္း ယင္းေနရာသို႔ လိုက္လံ ျပသေပးသည့္ ေဒသခံ မိန္းမပ်ိဳ တစ္ဦးက ေျပာျပသည္။

စကၠဴ႐ိုက္ အမ်ိဳးသမီးငယ္ေလးမ်ား လုပ္ငန္းခြင္ အတြင္း အပူဒဏ္ကို အန္တု လုပ္ကိုင္ေနၾကရသည့္ ပကတိ အေနအထားကို ေက်းေတာသူပီပီ စကားကို သြယ္ဝိုက္မေနဘဲ ႐ိုးရွင္းစြာ ဆက္ေျပာလိုက္သည္က “ေနကလည္းပူ၊ လူကလည္းမ်ားရင္ အထဲမွာ တအားပူတယ္။ မိန္းမခ်င္း ဆိုေတာ့လည္း မရွက္ေတာ့ဘူး။ အေပၚက အဝတ္အစားေတြ ခြၽတ္႐ိုက္ရတာ”ဟူ၍ပင္။

အဆင့္ဆင့္ လုပ္ေဆာင္ခဲ့ေသာ ဝါးစကၠဴမ်ားအား ေျမတိုက္ခန္းက ထြက္ေသာ အပူဓာတ္ႏွင့္ ခႏၶာကိုယ္မွ ထြက္ေသာ ကိုယ္အပူခ်ိန္တို႔ျဖင့္ ေပါင္းခံ၍ ဒန္းသားျဖင့္ စနစ္တက် ထု႐ိုက္မွသာ ေ႐ႊဆိုင္းခတ္သည့္အခါ အသုံးျပဳႏိုင္သည့္ ေ႐ႊပြားစကၠဴမ်ား ရသည္ဟု ေ႐ႊပြားစကၠဴ ပညာရပ္ကို ေလ့လာေနသည့္ မႏၲေလး ေဒသခံတစ္ဦးက ဆိုသည္။

ဘုရား၊ ေစတီပုထိုးမ်ားတြင္ ကပ္လႉေသာ ေ႐ႊဆိုင္းမ်ား ရရွိလာေစရန္ ေ႐ႊခတ္ (ထု႐ိုက္) ေသာအခါ ေ႐ႊပြားစကၠဴကို မျဖစ္မေန ထည့္သြင္း အသုံးျပဳရသည္။

ေ႐ႊခတ္ရာတြင္ ကိုးေပါင္တူျဖင့္ ထုႏွက္မႈဒဏ္ကို ခံႏိုင္ေသာ ျမန္မာ့႐ိုးရာ ေ႐ႊပြားစကၠဴမ်ားသည္ ျမန္မာႏိုင္ငံတြင္ ေဒါင္းမေက်း႐ြာ တစ္႐ြာတည္းကသာ ထြက္ရွိေၾကာင္း မႏၲေလးၿမိဳ႕မ်က္ပါးရပ္ရွိ ေ႐ႊခတ္ ဆရာမ်ားထံမွ သိရသည္။

ေ႐ႊခတ္ရာတြင္အသုံးျပဳေသာ အၾကမ္းခံ ေကာင္းမြန္ေသာ ေ႐ႊပြားစကၠဴ (ေခၚ) ဝါးစကၠဴ တစ္႐ြက္ ရရွိရန္ အဆင့္ဆင့္ လုပ္ေဆာင္ရသည့္ အခ်ိန္ ကာလသည္ သုံးႏွစ္ေက်ာ္ ၾကာျမင့္သည္ဟု ဆိုသည္။

ေ႐ႊပြားစကၠဴ ရရွိလာေစရန္ ပထမအဆင့္ အေနႏွင့္ ထြန္ဆံဝါးကို စဥ့္အိုးမ်ားတြင္ ေပါင္းထားရၿပီး ေပါင္းခံထားေသာဝါးကို ႀကိတ္ခါ ရရွိလာေသာ ႀကိတ္ဖတ္မ်ားအား နယ္ျခင္း၊ အေျခာက္လွန္းျခင္း၊ ေျမတိုက္ခန္းတြင္ စကၠဴအစို ႐ိုက္ျခင္းႏွင့္ စကၠဴအေျခာက္ ႐ိုက္ျခင္း အစရွိေသာ လုပ္ငန္းမ်ားကို အဆင့္ဆင့္ လုပ္ေဆာင္ရျခင္း ျဖစ္သည္။

ေ႐ႊပြား စကၠဴမ်ားသည္ အသန႔္အရွင္း အလြန္ ႀကိဳက္ေသာ စကၠဴေလးမ်ားလည္း ျဖစ္သည္။

ေျမတိုက္ခန္း အတြင္းသို႔ ဝင္၍ စကၠဴ႐ိုက္မည့္ အမ်ိဳးသမီးငယ္မ်ားသည္ ကိုယ္လက္သန႔္စင္ၿပီးမွသာ ေျမတိုက္ခန္းသို႔ ဝင္ေရာက္လုပ္ကိုင္ရသည္ဟု ေဒၚဝင္းဝင္းႏုက ေျပာျပသည္။

ခႏၶာကိုယ္၌ ကပ္ၿငိပါလာႏိုင္ေသာ ဖုန္၊ သဲမ်ားႏွင့္ အလုပ္လုပ္ေနရင္း ကြၽတ္က် ဆံပင္ျခည္ တစ္မွ်င္မွ်ပင္ ျဖစ္ေစ ေ႐ႊပြားစကၠဴ၌ ကပ္ၿငိပါသြားလွ်င္ ေ႐ႊခတ္ရာတြင္ အဆင္မေျပ ျဖစ္ကာ ေ႐ႊလႊာမ်ား ပ်က္စီးတတ္ေသာေၾကာင့္ ဂ႐ုတစိုက္ ေ႐ြးခ်ယ္၍ ေ႐ႊဆိုင္းပိုင္ရွင္မ်ားထံ ေရာင္းခ်ေပးရေၾကာင္းလည္း သူက ေျပာဆိုသည္။

ဝါးစကၠဴမ်ားကို ေျမတိုက္ခန္းမွေန၍ အျပင္သို႔ သယ္ယူသည့္အခါ ပိတ္သား အဝတ္စျဖင့္ စနစ္တက် ထုပ္ပိုးျခင္းမရွိဘဲ စကၠဴခ်ည္း အလြတ္သာ ယူေဆာင္ခဲ့လွ်င္ ျပင္ပေနဒဏ္၊ ေလဒဏ္တို႔ေၾကာင့္ ဝါးစကၠဴ႐ြက္မ်ားမွာက်ဳံ႕၍ ေသးငယ္ သြားတတ္ေၾကာင္းလည္း ေဒၚဝင္းဝင္းႏုက ထပ္မံ ရွင္းျပသည္။

ေ႐ႊပြားစကၠဴလုပ္ငန္းကို ေဒါင္းမေက်း႐ြာတြင္ လုပ္ကိုင္လာသည္မွာ ႏွစ္ေပါင္း ၅၀ ေက်ာ္ ၾကာျမင့္ခဲ့ၿပီ ျဖစ္ေၾကာင္း ေဒသခံမ်ား အဆိုအရ သိရသည္။

စကၠဴ႐ိုက္လုပ္ငန္းတြင္ ပါဝင္လုပ္ကိုင္သူ အမ်ားစုမွာ ေက်း႐ြာအတြင္းရွိ မိန္းမပ်ိဳမ်ားသာ ျဖစ္ၿပီး အိမ္ေထာင္ရွင္မ်ား ဝင္ေရာက္ လုပ္ကိုင္သူ နည္းေၾကာင္း ေဒါင္းမေက်း႐ြာ ေဒသခံ တစ္ဦးျဖစ္သူ မဝင္းဝင္းျမင့္က ၂ ႏွစ္သားအ႐ြယ္ သမီးငယ္ ေပြ႕ခ်ီရင္း အခုလို ရွင္းျပခဲ့ေသးသည္။

“ဒီလုပ္ငန္းက တစ္ေနကုန္ အခ်ိန္ေပး လုပ္ရတာ။ အိမ္ကိစၥတစ္ဖက္၊ ကေလးတစ္ဖက္နဲ႔ဆို အဆင္မေျပဘူး။ ကေလးကို အထဲ ေခၚသြားဖို႔ကလည္း အဆင္မေျပဘူးေလ။ ကေလးက တစ္ဖက္နဲ႔ဆိုေတာ့ မဝင္ျဖစ္ေတာ့ဘူး”ဟူ၍ပင္။

ေ႐ႊပြားစကၠဴအစို၊ အေျခာက္တစ္႐ြက္႐ိုက္ခမွာ ၁၂၀ က်ပ္ရရွိၿပီး တစ္ေနကုန္ အလုပ္ဝင္လွ်င္ ႐ြက္ေရ ၇၀ ခန႔္ ၿပီးစီးေသာေၾကာင့္ တစ္ရက္လွ်င္ က်ပ္ ၈၀၀၀ ခန႔္ ဝင္ေငြ ရရွိေၾကာင္း စကၠဴ႐ိုက္ လုပ္ငန္းတြင္ ပါဝင္ လုပ္ကိုင္ေနသူ မခ်စ္စုဝင္းက ေျပာျပသည္။

“တစ္ေနကုန္ထိုင္ၿပီး ႐ိုက္ေနရေတာ့ လက္ေတြလည္း တအားနာတယ္။ ေတာ္ေတာ္ကို ပင္ပန္းတယ္”ဟု စကၠဴ႐ိုက္ရသည့္ အေတြ႕အႀကဳံကို သူက မွ်ေဝသည္။

အမ်ိဳးသားတစ္ဦးတစ္ေယာက္သည္ မသိ၍ဘဲျဖစ္ျဖစ္ သိရက္နဲ႔ျဖစ္ျဖစ္ ေျမတိုက္ခန္းထဲသို႔ ႐ုတ္တရက္ ဝင္လာခဲ့လွ်င္ဆိုသည့္ ေမးခြန္းကို ေမးျမန္းခဲ့ေသာအခါ “တစ္ခါမွလည္း ႐ြာမွာ အဲလိုျဖစ္တာမၾကားမိဘူး။ အဲဒီေတာ့ ဒီထဲဝင္လာခဲ့ရင္ ဘာေတြ ျဖစ္သြားမလဲ ဆိုတာ မေျပာတတ္ဘူး”ဟု ေျပာသည္။

Crd The Voice Myanmar

Be the first to comment on "အပေါ်ပိုင်းဗလာကျင်း အမျိုးသမီးများ၏ လုပ်ငန်းခွင်"

Leave a comment

Your email address will not be published.


*