ဖောက်ပြန်နေတဲ့ ချစ်သူကောင်လေးကို မှတ်လောက်အောင် လက်စားချေခဲ့တဲ့ မိန်းကလေး(ရုပ်သံ)

Unicode

ဖောက်ပြန်နေတဲ့ ချစ်သူကောင်လေးကို မှတ်လောက်အောင် လက်စားချေခဲ့တဲ့ မိန်းကလေး(ရုပ်သံ)

Emely အမည်ရှိတဲ့ TikTok user တစ်ဦးဟာ သူမရဲ့ချစ်သူကောင်လေး ဖောက်ပြန်နေခဲ့တာကို ရှာတွေ့ခဲ့ပါတယ် ။ ချစ်သူနဲ့ ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းဖို့ မလုပ်ခင် သူမ ရှာတွေ့ထားတဲ့ အချက်အလက်တွေကို ဖော်ထုတ်ပြဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

အဲတာကတော့ တစ်ယောက်မဟုတ် ၊ နှစ်ယောက်မဟုတ် ၊ ချစ်ဖို့ကောင်းတဲ့ ကောင်မလေး 3 ယောက်နဲ့ ပြောဆိုထားတဲ့ message တွေ ၊ ဓာတ်ပုံတွေကို screenshot ရိုက်ပြီး print ထုတ်ကာ ကောင်လေးရဲ့ အိမ်နံရံတွေပေါ်မှာ ကပ်ထားပစ်ခဲ့တာပါပဲ ။ သူမရဲ့ ချစ်သူက သူမကိုအမြဲ ‘ရူးပြီး သံသယများတဲ့လူ’ ဆိုပြီး အမြဲခေါ်ဆိုနေခဲ့လို့ ဒီလို နည်းလမ်းမျိုး အသုံးပြုခဲ့ရတာ ဖြစ်ကြောင်း သူမက ပြောပြခဲ့ပါတယ် ။

Video ထဲမှာတော့ မျက်နှာ ၊ ဖုန်းနံပတ် နဲ့ ဆိုးဝါးတဲ့ အပိုင်းတွေကို မသိသာအောင် သူမက မှုန်ဝါး ထားပေးခဲ့ပါတယ် ။ကောင်လေးရဲ့ အိမ်နံရံမှာ အဆိုပါ စာရွက်တွေကို နှစ်နာရီခန့် အချိန်ပေးပြီး ကပ်ခဲ့ရကာ ‘ ဒီလိုနဲ့ပဲ ထိုက်တန်တယ်’ ဆိုပြီး ပြောခဲ့ပါသေးတယ် ။

သူမရဲ့ follower တွေက ပထမဆုံး ချစ်သူ လှည့်စားနေတာကို ဘယ်လို ရိပ်မိခဲ့တာလဲဆိုပြီး မေးမြန်းခဲ့ချိန်မှာတော့ ကိုယ့်အပေါ် လှည့်စားခွင့် မပေးရင် သိနိုင်ပါတယ် ဆိုပြီး ပြန်လည် ဖြေကြားခဲ့ပါတယ် ။

Video

Zawgyi

ေဖာက္ျပန္ေနတဲ့ ခ်စ္သူေကာင္ေလးကို မွတ္ေလာက္ေအာင္ လက္စားေခ်ခဲ့တဲ့ မိန္းကေလး(႐ုပ္သံ)

Emely အမည္ရွိတဲ့ TikTok user တစ္ဦးဟာ သူမရဲ႕ခ်စ္သူေကာင္ေလး ေဖာက္ျပန္ေနခဲ့တာကို ရွာေတြ႕ခဲ့ပါတယ္ ။ ခ်စ္သူနဲ႔ ထိပ္တိုက္ ရင္ဆိုင္ ေျဖရွင္းဖို႔ မလုပ္ခင္ သူမ ရွာေတြ႕ထားတဲ့ အခ်က္အလက္ေတြကို ေဖာ္ထုတ္ျပဖို႔ ဆုံးျဖတ္ခဲ့ပါတယ္ ။

အဲတာကေတာ့ တစ္ေယာက္မဟုတ္ ၊ ႏွစ္ေယာက္မဟုတ္ ၊ ခ်စ္ဖို႔ေကာင္းတဲ့ ေကာင္မေလး 3 ေယာက္နဲ႔ ေျပာဆိုထားတဲ့ message ေတြ ၊ ဓာတ္ပုံေတြကို screenshot ႐ိုက္ၿပီး print ထုတ္ကာ ေကာင္ေလးရဲ႕ အိမ္နံရံေတြေပၚမွာ ကပ္ထားပစ္ခဲ့တာပါပဲ ။ သူမရဲ႕ ခ်စ္သူက သူမကိုအၿမဲ ‘႐ူးၿပီး သံသယမ်ားတဲ့လူ’ ဆိုၿပီး အၿမဲေခၚဆိုေနခဲ့လို႔ ဒီလို နည္းလမ္းမ်ိဳး အသုံးျပဳခဲ့ရတာ ျဖစ္ေၾကာင္း သူမက ေျပာျပခဲ့ပါတယ္ ။

Video ထဲမွာေတာ့ မ်က္ႏွာ ၊ ဖုန္းနံပတ္ နဲ႔ ဆိုးဝါးတဲ့ အပိုင္းေတြကို မသိသာေအာင္ သူမက မႈန္ဝါး ထားေပးခဲ့ပါတယ္ ။ေကာင္ေလးရဲ႕ အိမ္နံရံမွာ အဆိုပါ စာ႐ြက္ေတြကို ႏွစ္နာရီခန႔္ အခ်ိန္ေပးၿပီး ကပ္ခဲ့ရကာ ‘ ဒီလိုနဲ႔ပဲ ထိုက္တန္တယ္’ ဆိုၿပီး ေျပာခဲ့ပါေသးတယ္ ။

သူမရဲ႕ follower ေတြက ပထမဆုံး ခ်စ္သူ လွည့္စားေနတာကို ဘယ္လို ရိပ္မိခဲ့တာလဲဆိုၿပီး ေမးျမန္းခဲ့ခ်ိန္မွာေတာ့ ကိုယ့္အေပၚ လွည့္စားခြင့္ မေပးရင္ သိႏိုင္ပါတယ္ ဆိုၿပီး ျပန္လည္ ေျဖၾကားခဲ့ပါတယ္ ။

Video

Be the first to comment on "ဖောက်ပြန်နေတဲ့ ချစ်သူကောင်လေးကို မှတ်လောက်အောင် လက်စားချေခဲ့တဲ့ မိန်းကလေး(ရုပ်သံ)"

Leave a comment

Your email address will not be published.


*