ခေါက်ဆွဲဖိုးရှင်းဖို့ ငွေမလောက်တော့လို့ ၂နှစ်အရွယ်သမီးကို စားသောက်ဆိုင်မှာ ချန်ရစ်ထားခဲ့တဲ့ ဖခင်

Unicode

ခေါက်ဆွဲဖိုးရှင်းဖို့ ငွေမလောက်တော့လို့ ၂နှစ်အရွယ်သမီးကို စားသောက်ဆိုင်မှာ ချန်ရစ်ထားခဲ့တဲ့ ဖခင်

လူအချို့က စားသောက်ဆိုင်တစ်ဆိုင်မှာ အစားစားပြီးဘေရှင်းဖို့ ငွေမလောက်တဲ့အခါ ဆိုင်နောက်သွားပြီး ကိုယ်စားခဲ့တာနဲ့တန်အောင် ပန်းကန်တွေထိုင်ဆေးတတ်ကြတာကို တွေ့ဖူးကြမှာပါ။သို့ပေမဲ့ တရုတ်နိုင်ငံ Guangdong ပြည်နယ် Foshanမြို့ရှိ စားသောက် ဆိုင်တစ်ဆိုင်မှာ အမျိုးသားတစ်ဦး ဟာ သူ့ရဲ့ ၂ နှစ်အ ရွယ်သမီးနှင့်အတူ ခေါက်ဆွဲ တစ်ပွဲမှာယူပြီး စားသော က်ခဲ့ကြပါတယ်။

ထိုအမျိုးသားဟာ ၆ ယွမ်ကျတဲ့ခေါက်ဆွဲတစ်ပွဲကိုငွေရှင်းရန် သူ့မှာ ၁ ယွမ်သာရှိတာကို သိလိုက်တဲ့အခါ ဒီအခြေအနေကိုကိုင်တွယ်ရန် ပိုပြီးလက်တွေ့ကျတဲ့နည်းလမ်းကိုစဉ်းစားမိနိုင်ပေမဲ့လည်း စားသောက်ဆိုင်မှာ သူ့ကလေးကိုထားခဲ့ခြင်းကောင်း တဲ့အကြံဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။“ငါ သူ့ကို ဒီမှာ ခဏထားခဲ့မယ် ၊ ငါ ပိုက်ဆံပြန်ယူပြီး သူ့ကိုပြန်လာခေါ်မယ် ” လို့ ထိုအမျိုးသားက ငွေရှင်းကောင်တာရှိဝန်ထမ်းတစ်ဦးအား ပြောခဲ့ပါတယ်။

ကလေးမလေးကလည်း ဖခင်ဖြစ်သူက ၎င်းအဆော က်အအုံမှ ထွက်သွားတာနှင့်တစ်ပြိုင်နက် လိုက်ပြေးရင်းငိုနေခဲ့ရပါတယ်။ထို့နောက် ဆိုင်ပိုင်ရှင်က ကလေးမလေးကို မီးဖိုချောင်ထဲမှာထိုင်စေပြီး ပဲနို့ပုလင်းတစ်ခွက်ပေးလိုက်ပါတယ်။ဆိုင်ပိုင်ရှင်က ကလေးမလေးအား တစ်ကယ်ကြီး ထားရစ်ခဲ့ပြီလို့ထင်ကာ အပြင်ထွက်သွားတဲ့ အဆိုပါအမျိုးသားရဲ့တည်နေရာကိုလိုက်ရှာရန် ရဲစ ခန်း ကို ဖုန်းဆက်ခဲ့ပါတယ်။

ထို့နောက် အဆိုပါအမျိုးသားဟာ နာရီပေါင်းများစွာအကြာမှာ စားသောက်ဆိုင်သို့ပြန်ရောက်ရှိလာပြီး ၎င်းနေရာမှာ သူ့သမီးကိုမတွေ့တော့တဲ့အခါ တုန်လှုပ်သွားခဲ့ပြီး ဆိုင်ရှင်က ရဲခေါ်ထားမှန်း သိလိုက်ရတော့ သူဟာ အရမ်းဒေါသထွက်သွားခဲ့ပါတယ်။

 

“ ဒီလူက သူ့သမီးကို စွန့်ခွာပြီး ပိုက်ဆံပြန်ယူဖို့ပဲ ကြိုး စားခဲ့တာပါ ၊ ပြီးတော့ ဆိုင်အလာလမ်းမှာ သူ့ရဲ့လျှပ်စစ်ဆိုင်ကယ်က ဘက်ထရီ အားကုန်သွားလို့ ဘက်ထရီအားသွင်းဖို့စောင့်နေရတာကြောင့် စားသောက်ဆိုင်ကို ပြန်လာဖို့ အချိန် တော်တော်လေးကြာသွားခဲ့တာပါ “ လို့ Shunde ခရိုင်ရှိ Huang Zhenyu အမည်ရှိရဲအရာရှိ က ပြောကြားခဲ့ပါတယ်။

အစီရင်ခံစာအရ မိသားစုအမည် Ding လို့ခေါ်တဲ့ အ ဆိုပါအမျိုးသားဟာ ရဲထံမှ ခက်ထန်တဲ့ ဆုံးမမှုများကို လက်ခံရရှိခဲ့ပြီးနောက် သူ့ရဲ့လုပ်ရပ်တွေအတွက် နောင ်တရနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Credit

Zawgyi

ေခါက္ဆြဲဖိုးရွင္းဖို႔ ေငြမေလာက္ေတာ့လို႔ ၂ႏွစ္အ႐ြယ္သမီးကို စားေသာက္ဆိုင္မွာ ခ်န္ရစ္ထားခဲ့တဲ့ ဖခင္

လူအခ်ိဳ႕က စားေသာက္ဆိုင္တစ္ဆိုင္မွာ အစားစားၿပီး ေဘရွင္းဖို႔ ေငြမေလာက္တဲ့အခါ ဆိုင္ေနာက္သြားၿပီး ကိုယ္စားခဲ့တာနဲ႕တန္ေအာင္ ပန္းကန္ေတြထိုင္ေဆးတတ္ၾကတာကို ေတြ႕ဖူးၾကမွာပါ။သို႔ေပမဲ့ တ႐ုတ္နိုင္ငံ Guangdong ျပည္နယ္ Foshanၿမိဳ႕ရွိ စားေသာက္ဆိုင္တစ္ဆိုင္မွာ အမ်ိဳးသားတစ္ဦး ဟာ သူ႕ရဲ႕ ၂ ႏွစ္အ႐ြယ္သမီးႏွင့္အတူ ေခါက္ဆြဲတစ္ပြဲမွာယူၿပီး စားေသာက္ခဲ့ၾကပါတယ္။

ထိုအမ်ိဳးသားဟာ ၆ ယြမ္က်တဲ့ ေခါက္ဆြဲတစ္ပြဲကို ေငြရွင္းရန္ သူ႕မွာ ၁ ယြမ္သာရွိတာကို သိလိုက္တဲ့အခါ ဒီအေျခအေနကိုကိုင္တြယ္ရန္ ပိုၿပီး လက္ေတြ႕က်တဲ့ နည္းလမ္းကို စဥ္းစားမိနိုင္ေပမဲ့လည္း စားေသာက္ဆိုင္မွာ သူ႕ ကေလးကို ထားခဲ့ျခင္းက ေကာင္းတဲအႀကံ ျဖစ္တယ္လို႔ သုံးသပ္ခဲ့ပါတယ္။“ငါ သူ႕ကို ဒီမွာ ခဏထားခဲ့မယ္ ၊ ငါ ပိုက္ဆံျပန္ယူၿပီး သူ႕ကိုျပန္လာေခၚမယ္ ” လို႔ ထိုအမ်ိဳးသားက ေငြရွင္းေကာင္တာရွိဝန္ထမ္းတစ္ဦးအား ေျပာခဲ့ပါတယ္။

ကေလးမေလးကလည္း ဖခင္ျဖစ္သူက ၎အေဆာက္အအုံမွ ထြက္သြားတာႏွင့္ တစ္ၿပိဳင္နက္ လိုက္ေျပးရင္းငိုေနခဲ့ရပါတယ္။ထို႔ေနာက္ ဆိုင္ပိုင္ရွင္က ကေလးမေလးကို မီးဖိုေခ်ာင္ထဲမွာ ထိုင္ေစၿပီး ပဲနို႔ပုလင္းတစ္ခြက္ေပးလိုက္ပါတယ္။ဆိုင္ပိုင္ရွင္က ကေလးမေလးအား တစ္ကယ္ႀကီး ထားရစ္ခဲ့ၿပီလို႔ထင္ကာ အျပင္ထြက္သြားတဲ့ အဆိုပါအမ်ိဳးသားရဲ႕တည္ေနရာကိုလိုက္ရွာရန္ ရဲစခန္းကို ဖုန္းဆက္ခဲ့ပါတယ္။

ထို႔ေနာက္ အဆိုပါအမ်ိဳးသားဟာ နာရီေပါင္းမ်ားစြာအၾကာမွာ စားေသာက္ဆိုင္သို႔ျပန္ေရာက္ရွိလာၿပီး ၎ေနရာမွာ သူ႕သမီးကိုမေတြ႕ေတာ့တဲ့အခါ တုန္လႈပ္သြားခဲ့ၿပီး ဆိုင္ရွင္က ရဲေခၚထားမွန္း သိလိုက္ရေတာ့ သူဟာ အရမ္း ေဒါသထြက္သြားခဲ့ပါတယ္။

“ ဒီလူက သူ႕သမီးကို စြန႔္ခြာၿပီး ပိုက္ဆံျပန္ယူဖို႔ပဲ ႀကိဳးစားခဲ့တာပါ ၊ ၿပီးေတာ့ ဆိုင္အလာလမ္းမွာ သူ႕ရဲ႕လွ်ပ္စစ္ဆိုင္ကယ္က ဘက္ထရီအားကုန္သြားလို႔ ဘက္ထရီအားသြင္းဖို႔ေစာင့္ေနရတာေၾကာင့္ စားေသာက္ဆိုင္ကို ျပန္လာဖို႔ အခ်ိန္ ေတာ္ေတာ္ေလးၾကာသြားခဲ့တာပါ “ လို႔ Shunde ခရိုင္ရွိ Huang Zhenyu အမည္ရွိရဲအရာရွိ က ေျပာၾကားခဲ့ပါတယ္။

အစီရင္ခံစာအရ မိသားစုအမည္ Ding လို႔ေခၚတဲ့ အ ဆိုပါအမ်ိဳးသားဟာ ရဲထံမွ ခက္ထန္တဲ့ဆုံးမမႈမ်ားကို လက္ခံရရွိခဲ့ၿပီးေနာက္ သူ႕ရဲ႕လုပ္ရပ္ေတြအတြက္ ေနာင္တရေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

Credit

Be the first to comment on "ခေါက်ဆွဲဖိုးရှင်းဖို့ ငွေမလောက်တော့လို့ ၂နှစ်အရွယ်သမီးကို စားသောက်ဆိုင်မှာ ချန်ရစ်ထားခဲ့တဲ့ ဖခင်"

Leave a comment

Your email address will not be published.


*